Top News

နည်းပြ အန်နရီကေးကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးရန် PSG သဘောတူညီမှုရရှိ
24htopnews | October 18, 2024 4:12 PM CST

PSG အသင်းသည် စပိန်နည်းပြ လူးဝစ်အန်နရီကေးကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

PSG အသင်းသည် အန်နရီကေး(၅၄ နှစ်)ကို ၂၀၂၃ နွေရာသီတွင် (၂)နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး လာမည့်နွေရာသီ၌ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အန်နရီကေးသည် ဘာစီလိုနာအသင်းကို ကိုင်တွယ်စဉ်က တစ်ရာသီအတွင်း ဖလား(၃)လုံးအောင်ပွဲ ရယူပေးနိုင်ခဲ့သူဖြစ်ပြီး PSG အသင်းတွင်လည်း ပထမဆုံးရာသီ၌ပင် ပြည်တွင်းဖလား(၃)လုံး ရယူပေးနိုင်ခဲ့သည်။

PSG အသင်းအနေဖြင့် လက်ရှိအချိန်၌ နာမည်ကျော်ထိပ်တန်းကစားသမားများကို ဆုံးရှုံးထားသော်လည်း အန်နရီကေးက အကောင်းဆုံးထိန်းကျောင်းပေးထားနိုင်သည့်အတွက် သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အန်နရီကေးသည် PSG အသင်းတွင် နိုင်ပွဲရာခိုင်နှုန်း (၆၄.၅၂%)ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သည့်အတွက် တာဝန်ရှိသူများက သဘောကျနေကြောင်း သိရသည်။


READ NEXT
Cancel OK