စပါးအသင်း၏နောက်ခံလူ ဗန်ဒီဗန်သည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အမြန်ဆုံးကစားသမားအဖြစ် ဦးဆောင်နေကြောင်း သိရသည်။
ဗန်ဒီဗန်(၂၃ နှစ်)သည် တစ်နာရီလျှင် (၃၇.၁)ကီလိုမီတာနှုန်း ပြေးလွှားခဲ့သည့်အတွက် အမြန်ဆုံးကစားသမားအဖြစ် ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နယ်သာလန်ကစားသမား ဗန်ဒီဗန်သည် ၂၀၂၃ နွေရာသီတွင် ဝုလ်ဖ်ဘတ်အသင်းမှ စပါးအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ယူရို-၂၀၂ ၄ ပြိုင်ပွဲတွင်လည်း ပရီးမီးယားလိဂ်၏ အမြန်ဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သည်။
ဗန်ဒီဗန်သည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ယူရို-၂၀၂၄ ပြိုင်ပွဲမှ အမြန်နှုန်းထက် ပိုမြင့်မားစွာ ပြေးနိုင်ခဲ့သည့်အပြင် ယူရို-၂၀၂၄ ပြိုင်ပွဲ၍ အမြန်ဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့သော ပြင်သစ်တိုက်စစ်မှူး ဘာပေ၏(၃၆.၅)ကီလိုမီတာ အမြန်နှုန်းထက်လည်း သာလွန်ခဲ့သည်။
ထို့ ကြောင့် ၎င်း၏ အမြန်နှုန်းမှာ အံ့အားသင့်ဖွယ်ဖြစ်နေကြောင်း ချီးကျူးမှုများလည်း ရှိနေသည်။
ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ဗန်ဒီဗန်၏နောက် ဒုတိယအမြန်ဆုံးကစားသမားအဖြစ် ဝုလ်ဗ်တောင်ပံကစားသမား ကားလို့စ်ဖော့ဘ်စ်က (၃၆.၆)ကီလိုမီတာနှုန်းဖြင့် ရပ်တည်နေပြီး တတိယနေရာတွင် နော်တင်ဟမ်ဖောရက်စ်အသင်းမှ ဆွီဒင်တိုက်စစ်ကစားသမား အီလန်ဂါက (၃၅.၉)ကီလိုမီတာနှုန်းဖြင့် ရပ်တည်နေသည်။
မန်စီးတီးတိုက်စစ်မှူး ဟာလန်းက (၃၅.၇) ကီလိုမီတာနှုန်းဖြင့် စတုတ္ထနေရာ ရပ်တည်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
