မန်ယူအသင်းသည် ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီအား လာမည့်ဇန်နဝါရီတွင် အရှုံးခံရောင်းထုတ်သွားရန် စီစဉ်နေကြောင်း သိရသည်။
မန်ယူအသင်းသည် အန်တိုနီ(၂၄ နှစ်)အား ၂၀၂၂ တွင် ပေါင် (၈၆)သန်းဖြင့် ခေါ်ယူခဲ့ပြီး ယခုအခါ ပေါင်သန်း (၄၀) ရပါက ပြန်လည်ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။
အန်တိုနီသည် မန်ယူအသင်းတွင် မျှော်လင့်ထားသလောက် ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိဘဲ ပြိုင်ပွဲစုံ (၈၆) ပွဲတွင် (၁၂) ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ယခုရာသီ ပရီးမီးယားလိဂ်တွင် (၂၇) မိနစ်သာ ပါဝင်ကစားခွင့်ရထားသည်။
မန်ယူအသင်းသည် အသင်းနောက်ခံကစားသမား မက်ဂွိုင်းရားကိုလည်း လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ရောင်းထုတ်ရန် ပြင်ဆင်နေကြောင်း သိရသည်။
မက်ဂွိုင်းရား(၃၁ နှစ်)သည် ယခုရာသီကုန်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့်ရှိကြောင်း သိရသည်။
သို့သော် မန်ယူအသင်းသည် နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်သည့် ပေါင်သန်း (၈၀) ဖြင့် ခေါ်ယူခဲ့သည့် မက်ဂွိုင်းရားအား ပြန်လည်ရောင်းထုတ်ရန် ပြင်ဆင်လာခြင်းဖြစ်ပြီး ပေါင်(၁၀)သန်းဖြင့် ကမ်းလှမ်းပါက လက်ခံစဉ်းစားသွားဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
