iPhone ရောင်းအားကို မှီခိုနေရခြင်းအား လွတ်ကင်းစေရန်အတွက် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုနှင့် ဒစ်ဂျစ်တယ် အကြောင်းအရာ ဖန်တီးမှုတို့ကို ပြောင်းလဲအာရုံစိုက်ရန် ကြိုးပမ်းနေသည့် Apple က မတ် ၂၅ ရက်တွင် အွန်လိုင်းရုပ်သံ အစီအစဉ်သစ်ကို ကြေညာခဲ့သည်။ Apple TV+ အစီအစဉ်သည် လစဉ်ကြေးနှင့် အွန်လိုင်းမှ ရုပ်သံအစီအစဉ်များ ကြည့်ရှုနိုင်မည်ဖြစ်ပြီး ယခုနှစ်တွင် နိုင်ငံပေါင်း ၁၀၀ ၌ စတင်လည်ပတ် သွားမည်ဟု Apple က ပြောကြားခဲ့သည်။
“ဖန်တီးမှုတန်ခိုးကို ကျွန်တော်တို့ နက်နက်ရှိုင်းရှိုင်း ယုံကြည်ပါတယ်။ ကြီးကျယ်တဲ့ ဇာတ်လမ်းတွေက ကမ္ဘာကို ပြောင်းလဲစေနိုင်ပါတယ်။ ခမ်းနားတဲ့ ဇာတ်ကြောင်းတွေကတစ်ဆင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းနဲ့ ယဉ်ကျေးမှုကို အရေးကြီးတဲ့ အရာတွေ ကျွန်တော်တို့ ပေးနိုင်တယ်လို့ ယုံကြည်ပါတယ်” ဟု Apple ၏အမှုဆောင်ချုပ် တင်ကွတ်က ပြောကြားခဲ့သည်။
Apple ၏ ဝန်ဆောင်မှု မိတ်ဆက်အခမ်းအနားသို့ ဟောလိဝုဒ်မှ နာမည်ကျော်များဖြစ်သည့် ဒါရိုက်တာ စတီဗင်စပီးဘတ်၊ ရုပ်သံအစီအစဉ်မှူး အော်ပရာဝင်းဖရေး၊ သရုပ်ဆောင်များဖြစ်သည့် ဂျနီဖာအန်နစ္စတန်၊ ရိဝစ်သာစပွန်း၊ စတီကာရယ်တို့ တက်ရောက်ခဲ့ကြသည်။ Apple က ရုပ်သံအစီအစဉ် အနည်းငယ်ကို မိတ်ဆက်ခဲ့သော်လည်း Apple နှင့်ဆောင်ရွက်နေသည့် ဒါရိုက်တာများတွင် အော်တာဗီယာစပင်ဆာ၊ ဂျေဂျေ အေဘရာဟမ်၊ ဂျေဆွန်မိုမိုအာ၊ အမ်နိုက်ရှ ယာမာလန်တို့ ပါဝင်နေသည်။ Apple ၏ အစီအစဉ်သစ်များကို Apple TV မိုဘိုင်းဆော့ဖ်ဝဲလ်မှတစ်ဆင့် ကြည့်ရှုနိုင်မည်ဖြစ်သည်။ Apple TV ဆော့ဖ်ဝဲလ်ကို စမတ်တီဗီများနှင့် Roku၊ Amazon ၏ Fire TV ကဲ့သို့သော ဗီဒီယိုပလက်ဖောင်းများတွင် ရရှိနိုင်မည်ဖြစ်သည်။
ယင်းဝန်ဆောင်မှု၏ ကုန်ကျစရိတ်ကို Apple က မထုတ်ဖော်ခဲ့ပေ။
ကမ္ဘာတစ်ဝန်းတွင် Apple ၏ ကိရိယာများကို သုံးစွဲနေသူ သန်း ၉၀၀ ခန့်ရှိပြီး ထိုအခြေအနေကို အသုံးပြုပြီး ၎င်း၏ဝန်ဆောင်မှုကို ခိုင်မာစေရန် Apple က ရည်မှန်းနေသည်။
Apple သည် မတ် ၂၅ ရက် အခမ်းအနားတွင် Apple News+ အစီအစဉ်သစ်ကိုလည်း မိတ်ဆက်ခဲ့သည်။ တစ်လလျှင် ၉.၉၉ ဒေါ်လာနှင့် အသုံးပြုနိုင်သည့် ယင်းဝန်ဆောင်မှုသည် နာမည်ကျော် မဂ္ဂဇင်းများ အပါအဝင် မဂ္ဂဇင်း ၃၀၀ ကျော်နှင့် ဝေါလ်စထရိဂျာနယ် အပါအဝင် အခြားသတင်းစာများ ပါဝင်မည်ဖြစ်သည်။ ထို့ပြင် Apple သည် Apple Arcade ဟုခေါ်သော Game ဝန်ဆောင်မှုသစ်ကိုလည်း မိတ်ဆက်ခဲ့သည်။ ဂိမ်း ၁၀၀ ကျော်ကို ကစားနိုင်မည့် ထိုအစီအစဉ်အား နိုင်ငံ ၁၅၀ တွင် အသုံးပြုနိုင်မည် ဖြစ်သည်။
Ref : AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
