တရုတ်သမ္မတ ရှီကျင်ပင်း၏ ပြင်သစ်ခရီးစဉ်အတွင်း မတ် ၂၅ ရက်တွင် ဥရောပ လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီ Airbus နှင့် တရုတ်နိုင်ငံအကြား ဒေါ်လာဘီလျံနှင့်ချီ တန်ဖိုးရှိသော လေယာဉ်များ ဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့သည်ဟု သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ရှီ၏ အလုပ်သဘော ခရီးစဉ်သည် တရုတ်နှင့် ပြင်သစ်အကြား ဆက်ဆံရေးခိုင်မာမှုနှင့် ယုံကြည်အားထားမှု အတွက် ထူးခြားသည့် လက္ခဏာတစ်ခုဟု ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ပြောကြားခဲ့သည်။
ပြင်သစ်နှင့် တရုတ်နိုင်ငံတို့သည် တိကျပြတ်သားပြီး ရည်မှန်းချက်ကြီးသော စည်းမျဉ်းများကို အခြေခံပြီး ခိုင်မာသည် ဥရောပ-တရုတ် စီးပွားရေးမိတ်ဖက် ထူထောင်ရန် ဆန္ဒရှိသည်ဟု သမ္မတနန်းတော်တွင် မက်ခရွန်က ပြောကြားခဲ့သည်။
အမေရိကန်နှင့် တရုတ်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂအကြား ကုန်သွယ်ရေး တင်းမာမှုများ ဖြစ်နေစဉ် ဥရောပ ခေါင်းဆောင်များက တရုတ်နှင့် ကုန်သွယ်ရေး မြှင့်တင်လိုကြသည်။
Airbus နှင့် သဘောတူစာချုပ်တွင် တရုတ်အတွက် လေယာဉ်အစင်း ၃၀၀ ကျော် ရောင်းချပေးရန် သဘောတူညီမှုလည်း ပါဝင်သည်။ China Aviation Supplies Holding ကုမ္ပဏီသည် Airbus A320 လေယာဉ် ၂၉၀ စင်းနှင့် Airbus A350 ၁၀ စင်း ဝယ်ယူရန် မှာကြားခဲ့သည်ဟု ပြင်သစ်သမ္မတရုံးက ထုတ်ပြန်သည်။ တန်ဖိုးကို အတိအကျ မဖော်ပြခဲ့သော်လည်း ဒေါ်လာ ၃၄ ဘီလျံခန့် ရှိသည်ဟု ခန့်မှန်းထားသည်။
“တရုတ်မှာ ကျွန်တော်တို့ရဲ့ခြေရာ ကျယ်ပြန့်လာမှုဟာ တရုတ်စျေးကွက်ကို စိတ်ချယုံကြည်မှုနဲ့ တရုတ်နဲ့ ကျွန်တော်တို့ရဲ့ စီးပွားဖက်တွေအပေါ် ကာလကြာ အာမခံချက်ပေးမှုကို ထင်ရှားစေတယ်” ဟု Airbus Commercial Aircraft ၏ ဥက္ကဋ္ဌ Guillaume Faury က ပြောကြားခဲ့သည်။
မတ် ၂၅ ရက်တွင် နှစ်ဖက်သဘောတူညီချက်များအပြင် ပြန်လည်ဖွံ့ဖြိုးမြဲစွမ်းအင်နှင့် အစားအစာလုပ်ငန်း အပါအဝင် အခြားအရေးပါသည့် စီးပွားရေး သဘောတူညီချက်များကိုလည်း လက်မှတ်ရေးထိုး ခဲ့ကြသည်။
ပြင်သစ် ကြက်သားများကို တရုတ်သို့ တင်ပို့ရေးကို ခွင့်ပြုမည့် ညှိနှိုင်းချက် မှတ်တမ်းတစ်ခုကိုလည်း နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူခဲ့ကြသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် မက်ခရွန်က တရုတ်နိုင်ငံသို့ အလုပ်သဘော သွားရောက်ခဲ့ပြီးနောက် ပြင်သစ် အမဲသား ထုတ်ကုန်များအတွက် တရုတ်က စျေးကွက်ဖွင့်လှစ် ပေးခဲ့သည်။ ပြင်သစ်စွမ်းအင်ကုမ္ပဏီ EDF နှင့် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းတို့သည် တရုတ်ရေပိုင်နက်တွင် ကမ်းလွန်လေအားလျှပ်စစ် ထုတ်လုပ်သည့် နေရာနှစ်ခု ထောက်ပံ့ပေးရန် ဒေါ်လာ ၁.၁ ဘီလျံ တန်ဖိုးရှိ သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။
မတ် ၂၅ ရက် ညပိုင်းတွင် မက်ခရွန်က တရုတ်သမ္မတရှီကို Elysee Palace တွင် ညစာတည်ခင်း ဧည့်ခံခဲ့သည်။ ညစာစားပွဲသို့ ပြင်သစ်သရုပ်ဆောင် Alain Delon၊ မီချယ်လင်း ဆုတံဆိပ်ရ စားဖိုမှူး Alain Ducasse၊ ပြင်သစ်-တရုတ် ပန်းချီဆရာ Yan Pie Ming နှင့် တရုတ်သရုပ်ဆောင် ဂေါင်းလီတို့ အပါအဝင် ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။
Ref : AP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
