အတိုက်အခံခေါင်းဆောင် ရာဟူးဂန္ဒီက လာမည့်ရွေးကောက်ပွဲ၌ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက် ခံရပါက အိန္ဒိယနိုင်ငံထဲမှ ဆင်းရဲမွဲတေမှုကို နောက်ဆုံးထိုးနှက်မှု လုပ်ဆောင်မည့်အကြောင်း မတ် ၂၅ ရက်က အခိုင်အမာ ပြောကြားခဲ့ပြီး နိုင်ငံထဲမှ အဆင်းရဲဆုံးပြည်သူ သန်းပေါင်းများစွာအတွက် အနိမ့်ဆုံးဝင်ငွေ အစီအစဉ် ဖော်ဆောင်ပေးမည်ဟု ကတိပြုပေးခဲ့သည်။
နိုင်ငံ၏ ထိပ်ဆုံးရာထူးအတွက် ယှဉ်ပြိုင်ပွဲတွင် ကွန်ဂရက်ပါတီ၏ ခေါင်းဆောင်ဖြစ်သူ ဂန္ဒီသည် လက်ရှိဝန်ကြီးချုပ် နရင်ဒရာမိုဒီ၏ နောက်တွင် ရှိနေသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံနေရပြီး ထိုကွာဟနေသော အခြေအနေကို ကျဉ်းမြောင်းစေရန် ဂန္ဒီက ကြိုးပမ်းနေသည်။ မေ ၁၉ ရက်အထိ သီတင်းခြောက်ပတ်နီးပါး ကြာမြင့်မည့် ဧရာမ ရွေးကောက်ပွဲကြီး စတင်ရန် သုံးပတ်သာ လိုတော့ချိန်တွင် ကွန်ဂရက်ပါတီ၏ မဲဆန္ဒရှင်များကို ဆွဲဆောင်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ကွန်ဂရက်ပါတီ၏ အနိမ့်ဆုံး လုပ်ခလစာ မူဝါဒသည် ဇန်နဝါရီလက ကြေညာခဲ့သော ၎င်းတို့၏ ရွေးကောက်ပွဲ မူဝါဒ ကြေညာစာတမ်းထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်သော်လည်း မတ် ၂၆ ရက်အထိ အသေးစိတ် မထွက်ပေါ်ခဲ့ပေ။
နရေစီမံကိန်း (တရားမျှတမှုဟု အဓိပ္ပာယ်ရ) ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အိန္ဒိယနိုင်ငံထဲရှိ အဆင်းရဲဆုံးမိသားစု ၂၀ ရာခိုင်နှုန်းသည် နှစ်စဉ် ရူပီး ၇၂၀၀၀ ရရှိလိမ့်မည်ဟု ဂန္ဒီက ပြောကြားခဲ့သည်။ မိသားစုပေါင်း သန်း ၅၀ သို့မဟုတ် လူပေါင်းသန်း ၂၅၀ သည် တိုက်ရိုက် အကျိုးခံစားခွင့်ရမည်ဟု ၎င်းကဆိုသည်။ အဆိုပါ နရေစီမံကိန်းသည် ဒေါ်လာ ၅၂ ဘီလျံအထိ ကုန်ကျနိုင်သည်။
နိုင်ငံသား အားလုံးအတွက် သို့မဟုတ် နိုင်ငံသား အများစုအတွက် အခြေအနေ မခွဲခြားဘဲ အစိုးရက ပုံမှန်ငွေ ထုတ်ပေးသည့် Universal Basic Income (UBI) အစီအစဉ် တစ်ခုကို အိန္ဒိယတွင် စတင်မိတ်ဆက်နိုင်မှု ရှိ၊ မရှိနှင့် ပတ်သက်ပြီး ပြီးခဲ့သည့်နှစ်များ အတွင်းက ဆွေးနွေးမှုများစွာ ရှိခဲ့သည်။ အဆိုပါ UBI အစီအစဉ်သည် မမျှတမှုများကို လျှော့ချနိုင်သည့် နည်းလမ်းတစ်ခုအဖြစ် Facebook တည်ထောင်သူ မက်ဇက်ကာဘက် အပါအဝင် ထောက်ခံမှုများ ရရှိထားပြီး ဖင်လန်၊ ကင်ညာ၊ နယ်သာလန် အပါအဝင် နိုင်ငံအချို့တွင် စမ်းသပ်လုပ်ဆောင် နေပြီဖြစ်သည်။
ကွန်ဂရက်၏ ယခုမူဝါဒသည် UBI မဟုတ်သော်လည်း အကန့်အသတ်နှင့် လုပ်ဆောင်သည့် အလားတူ စီမံကိန်းတစ်ခုအဖြစ် ရှုမြင်ခံနေရသည်။ သို့သော် ရာဟူးလ်ဂန္ဒီက ၎င်း၏အစီအစဉ်အတွက် ရန်ပုံငွေ မည်သို့ရမည်ကို မထုတ်ဖော်ခဲ့ပေ။
အိန္ဒိယဘဏ္ဍာရေးဝန်ကြီး အေရွန်ဂျစ်တလေကမူ ဂန္ဒီသည် နိုင်ငံရေး အကျိုးစီးပွားများရရှိစေရန် ၎င်း၏ အစီအစဉ်သစ်ဖြင့် ဆင်းရဲသားများကို အသုံးချနေသည်ဟု ဝေဖန်ခဲ့သည်။
အဘေး၊ အဘွားနှင့် ဖခင်ဖြစ်သူတို့အားလုံး ဝန်ကြီးချုပ်များ ဖြစ်ခဲ့ကြသည့် ဂန္ဒီသည် မိုဒီ၏ စီးပွားရေး မှတ်တမ်းကို တိုက်ခိုက်ရင်း မိုဒီသည် နိုင်ငံထဲမှ လူငယ်များအတွက် အလုပ်အကိုင်များ ဖန်တီးပေးရန်၊ အလွန်အမင်း ဒုက္ခရောက်နေသော လယ်သမားများအား အကူအညီပေးရန် ပျက်ကွက်ခဲ့သည်ဟုလည်း ဂန္ဒီက ဝေဖန်ခဲ့သည်။ သို့သော် မိုဒီသည် လယ်သမားများ၊ လူလတ်တန်းစားများအတွက် မက်လုံးများစွာကို ကြိုတင်ကြေညာ ထားနှင့်ပြီးဖြစ်သည်။
Ref : AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
