မာရှယ်ကျွန်းမှ ပစ်လွှတ်လိုက်သောပစ်မှတ်ကို ကယ်လီဖိုးနီးယားအခြေစိုက် ကြားဖြတ်ဒုံးခွင်းဒုံးနှစ်ခုက ပစ်ချနိုင်ခဲ့ပြီးနောက် တိုက်ချင်းပစ်ဒုံးကျည် (ICBM) ကာကွယ်ရေးစနစ်ကို အောင်မြင်စွာ စမ်းသပ်ခဲ့သည်ဟု မတ် ၂၅ ရက်တွင် အမေရိကန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။
ICBM ဒုံးကျည်များကို ကာကွယ်ရန် အမေရိကန်သည် မြေပြင်အခြေစိုက် Midcourse Defence (GMD) စနစ်ကို တီထွင်ခဲ့ခြင်းဖြစ်ပြီး ၎င်းစနစ်သည် ဒုံးခွင်းဒုံးကို အာကာသထဲသို့ ပစ်လွှတ်၍ ဝင်လာသော ပစ်မှတ်ကို ဖျက်ဆီးရန် အရွေ့စွမ်းအင်ကို အသုံးပြုရန် ပုံစံထုတ်ထားသောစနစ် ဖြစ်သည်။ တိုက်ချင်းပစ်ဒုံးကျည်ကာကွယ်ရေး စနစ်ကို ယခင်က စမ်းသပ်ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်သည် ဒုံးခွင်းဒုံးများ ပါဝင်လာသည့် ပထမဦးဆုံးအောင်မြင်သော စမ်းသပ်မှုတစ်ခုဖြစ်ကြောင်း အမေရိကန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။ ပုံစံတူလုပ်ထားသော ICBM ဒုံးလွှတ်စင်မှ မိုင် ၄၀၀၀ (၆၅၀၀ ကီလိုမီတာ) ကျော်ဝေးသောနေရာက ပထမဒုံးခွင်းဒုံးသည် စမ်းသပ်ပစ်မှတ်၏ အာသာသထဲသို့ ပြန်ဝင်လာသော ဒုံးကျည်ထိပ်ဖူးကို ပစ်ချခြင်းဖြစ်၍ ဒုတိယဒုံးခွင်းဒုံးသည် ကျန်နေသော ICBM အပျက်အစီးအပိုင်းအစများကို ပစ်ခတ်ခဲ့သည်ဟုဆိုသည်။ ယခုစမ်းသပ်မှုသည် ထူးခြားသော သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည်ဟု ဒုံးကျည်ကာကွယ်ရေး အေဂျင်စီအကြီးအကဲဖြစ်သူ လေတပ်ဒုတိယ ဗိုလ်ချုပ်ကြီး ဆမ်မြူရယ်ဂရီးဗက်စ်က ပြောကြားခဲ့သည်။ Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
