အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီဟု သတင်းထွက်ပေါ်ခဲ့သော်လည်း မတ် ၂၆ ရက်က အစ္စရေးသည်ဂါဇာသို့ လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ပါလက်စတိုင်းစစ်သွေး ကြွများကလည်း ရော့ကတ်များဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ ပဋိပက္ခများထပ်မံဖြစ်ပွားလာမည့် အရေးနှင့်ပတ်သက် ပြီး စိုးရိမ်မှုများ မြင့်တက်နေသည်။
အစ္စရေးအထွေထွေရွေးကောက်ပွဲများ ကျင်းပရန် နှစ်ပတ်ခန့်သာလိုတော့စဉ် ပစ်ခတ်မှုများဖြစ်ပွားနေခြင်းနှင့်ပတ်သက်ပြီး အီဂျစ်၏ကြားဝင်စေ့စပ်မှုဖြင့် အပစ်အခတ် ရပ်စဲရေးရရှိပြီဟု ဂါဇာအား အုပ်ချုပ်နေသော အစ္စလာမ္မစ်ဟားမားစ်တို့က မတ် ၂၅ ရက်ညနေ၌ ထုတ်ပြန်ခဲ့သည်။
သို့သော် ထိုနေ့ညနေပိုင်းမှာပင် ဂါဇာဘက်မှ ရော့ကတ်အစင်း ၃၀ ခန့် ပစ်ခတ်ခဲ့ပြီး ညနက်ပိုင်းတွင်လည်း မော်တာကျည် နှင့် ရော့ကတ်အစင်း ၃၀ ကို ထပ်မံပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။
အစ္စရေးဘက်ကလည်း ပစ်မှတ်အသစ် ၁၅ ခုဝန်းကျင်ကို ပြန်လည်တိုက်ခိုုက်ခဲ့ပြီး ယင်းပစ်မှတ်များထဲတွင် ဟားမားစ်စစ်တပ် ဝင်းတစ်ခု၊ အစ္စလာမ္မစ်ဂျီဟတ်၏ စခန်းတစ်ခုတို့ ပါဝင်ကြောင်း ထုတ်ပြန်ခဲ့ကာ စစ်ဆင်ရေးများကို လိုအပ်သလို တိုးမြှင့်လုပ်ဆောင်သွားမည်ဟုလည်း ဆိုခဲ့သည်။
“ကျွန်တော်တို့ရဲ့တုံ့ပြန်မှုဟာ အရမ်းအားပြင်းတယ်။ အရမ်းအရမ်းကို အားပြင်းပါတယ်။ ဂါဇာဘက်ကိုလာပြီးလုပ်သင့်တာ တွေလုပ်ဖို့ ကျွန်တော်တို့ တွန့်ဆုတ်နေမှာ မဟုတ်တဲ့အကြောင်း ဟားမားစ်တွေကို သိစေလိုပါတယ်” ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ၀ါရှင်တန်၌ ပြောကြားခဲ့သည်။
ဂါဇာဘက်မှပစ်ခတ်လိုက်သည့် ဒုံးအချို့ကို လေကြောင်းကာကွယ်ရေးက ပစ်ချနိုင်ခဲ့ပြီး အချို့မှာ လူနေထိုင်မှုမရှိသည့်နေရာများသို့ ကျသွားခဲ့သည်ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။
မတ် ၂၅ ရက်အစောပိုင်းက တဲအဗစ် မြောက်ပိုင်းရှိ နေအိမ်တစ်လုံးသို့ ဂါဇာဘက်မှ ပစ်ခတ်လိုက်သည့် တာဝေးပစ်ရော့ကတ်တစ်စင်း ထိမှန်ပြီးနောက် အစ္စရေးက ထိုနေ့ ညနေပိုင်းတွင် ဟားမားစ်ခေါင်းဆောင် အစ္စမေးဟာနီယာ၏ ရုံးအပါအဝင် ဂါဇာတစ်ဝန်းရှိ နေရာဒါဇင်ပေါင်းများစွာကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိကြောင်း ကြေညာမှု ထွက်ပေါ်လာသည်။ ဟာနီယာ၏ရုံး ပစ်ခတ်တိုက်ခိုက်ခံရစဉ် ရုံးထဲ၌ ဟာနီယာ ရှိ မရှိ မသိရပေ။
နေတန်ယာဟုသည် ၀ါရှင်တန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် စတင်တွေ့ဆုံချိန်တွင် အစ္စရေး၏ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ အစ္စရေးဘက်မှ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။
ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သော နေတန်ယာဟုသည် အမေရိကန်ခရီးစဉ်ကိုချု့ံကာ အစ္စရေးသို့ပြန်မည့် လေယာဉ်ပေါ်သို့ ရောက်နေပြီဖြစ်ပြီး ပြန်ရောက်သည်နှင့် တဲအဗစ်ရှိ ကာကွယ်ရေးဝန်ကြီးဌာနသို့တန်း၍ သွားမည်ဟု သိရသည်။
ယခုပစ်ခတ်တိုက်ခိုက်မှုများအတွင်း လူသေဆုံးမှု မရှိသော်လည်း နှစ်ဖက်စလုံးမှ လူခုနစ်ဦးစီ ဒဏ်ရာရသွားကြောင်း သိရသည်။ Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
