နော်ဝေကမ်းလွန်၌ မုန်တိုင်းဒဏ် ခံခဲ့ရပြီး ခရီးသည် ရာပေါင်းများစွာအား ရဟတ်ယာဉ်များဖြင့် ဘေးကင်းရာသို့ ကယ်ထုတ်နိုင်ခဲ့ပြီးနောက် ထိုဇိမ်ခံသင်္ဘောကြီးသည် ကိုယ်တိုင်ခုတ်မောင်း၍ မတ် ၂၄ ရက်တွင် ဆိပ်ကမ်းသို့ ပြန်လည် ဆိုက်ကပ်နိုင်ခဲ့သည်။
ထိုသင်္ဘောပေါ်မှ ခရီးသည် ၁၃၇၃ ဦးအနက် သုံးပုံ တစ်ပုံနီးပါးအား လေကြောင်းမှ ကယ်တင်နိုင်ခဲ့ပြီးနောက် ဆွဲသင်္ဘောများ ဝန်းရံလျက် Viking Sky သင်္ဘောသည် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် မိုဒီဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့သည်။
သင်္ဘောနစ်မြုပ်မှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသော နော်ဝေ ကမ်းရိုးတန်းအလွန် ၁.၂ မိုင်အကွာတွင် ထိုသင်္ဘောသည် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပြီး မတ် ၂၄ ရက် မွန်းလွဲ၌ စတင်မျောပါနေခဲ့သည်။ ယင်းနောက် သင်္ဘောကပ္ပတိန်က ခက်ခဲသော အခြေအနေများတွင် လေကြောင်း မှ ကယ်တင်ရန်အတွက် တာဝန်ရှိသူများထံ အကူအညီတောင်းခံခဲ့သည်။ ရဟတ်ယာဉ် ငါးစင်းဖြင့် ကယ်တင်ပေးခဲ့ပြီးနောက် လူ ၁၇ ဦးကို ဆေးရုံ တင်ပို့ခဲ့ရသည်။
မတ် ၂၅ ရက်တွင် အင်ဂျင် လေးလုံးအနက် သုံးလုံး ပြန်လည် အလုပ်လုပ်ခဲ့ပြီး ဆွဲသင်္ဘောနှစ်စင်း၏ အကူအညီဖြင့် Viking Sky သင်္ဘောကြီးသည် ကိုယ်တိုင်ခုတ်မောင်းလျက် မြို့တော် အော်စလို အနောက်မြောက်ဘက် မိုင် ၃၀၀ ခန့်အကွာ မိုဒီဆိပ်ကမ်းသို့ ဦးတည်ခဲ့သည်။ ထိုသင်္ဘောသည် ထရမ်ဆို မှ စတာဗန်ဂျာသို့ ခုတ်မောင်းစဉ် သင်္ဘောများ ဖြတ်သန်းရန် ခက်ခဲမှုအတွက် ကျော်ကြားသည့် Hustadvika နေရာ၏ အလွန်ဧရိယာတွင် အင်ဂျင် ပြဿနာတက်ခဲ့ခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
