၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့အတော်ဆုံး ဆရာဆုကို ကင်ညာနိုင်ငံ ပွာနီကျေးရွာရှိ အလယ်တန်းကျောင်းမှ သင်္ချာနှင့် ရူပဗေဒ ဘာသာရပ်ကို သင်ကြားသော ဆရာတစ်ဦးက ဆွတ်ခူးသွားခဲ့ပြီး ဆုကြေးငွေ ဒေါ်လာ တစ်သန်း ရရှိခဲ့ကြောင်း ဆုပေးပွဲ စီစဉ်သူများက ပြောကြားခဲ့သည်။
ဆုရရှိသွားခဲ့သော ပီတာတဘီချီ အမည်ရှိ ကျောင်းဆရာသည် ၎င်း၏ လစဉ်ဝင်ငွေထဲမှ ၈၀ ရာခိုင်နှုန်းကို ဆင်းရဲသားများအား ပေးဝေကြောင်း ဆုပေးပွဲစီစဉ်သူများက ဆိုသည်။ မတ် ၂၃ ရက်က ဟောလိဝုဒ်ကြယ်ပွင့် ဟုဂျက်မန်း အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်ခဲ့သော ဒူဘိုင်းတွင် ကျင်းပခဲ့သည့် ဆုပေးပွဲ အခမ်းအနားတွင် တဘီချီက ဆုကို လက်ခံယူခဲ့သည်။
“အာဖရိကမှာ နေ့စဉ်နေ့တိုင်း ကျွန်တော်တို့ ကဏ္ဍသစ်၊ အပိုင်းသစ်တွေကို ဖွင့်လှစ် လုပ်ဆောင်နေပါတယ်။ ဒီဆုက ကျွန်တော့်ကို အသိအမှတ်ပြုတာ မဟုတ်ပါဘူး။ မြင့်မြတ်တဲ့ အာဖရိကတိုက်ရဲ့ လူငယ်တွေကို အသိအမှတ်ပြုနေတာပါ။ ကျွန်တော့်ရဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ထူးချွန်ကြလို့ ကျွန်တော် ဒီနေရာကို ရောက်နေတာပါ ” ဟု ထိုဆုအတွက် လျာထားခံရသော ကမ္ဘာတစ်ဝန်းမှ ဆန်ခါတင်ဆရာ ကိုးဦးကို ကျော်ဖြတ်ကာ ကမ္ဘာ့အကောင်းဆုံး ဆရာဆုကို ရရှိခဲ့သည့် တဘီချီက ပြောကြားခဲ့သည်။
ဒူဘိုင်းအခြေစိုက် Varkey ပရဟိတ အဖွဲ့အစည်းက အဆိုပါ ဆုပေးပွဲအခမ်းအနားကို ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုဆုကို ငါးကြိမ်တိုင် ချီးမြှင့်ပေးခဲ့ပြီး ဖြစ်သည်။ Varkey ပရဟိတအဖွဲ့သည် တဘီချီ၏ ကြိုးစားမှု၊ တပည့်များ၏ ပါရမီကို လေးလေးနက်နက် ယုံကြည်မှုတို့ကို ချီးကျူးခဲ့သည်။
အသက် ၃၆ နှစ်အရွယ် တဘီချီသည် ကင်ညာ၏ ဝေးလံခေါင်သီသော ပွာနီကျေးရွာတွင် တည်ရှိသည့် Keriko Mixed Day အလယ်တန်းကျောင်းတွင် စာသင်ကြားပေးနေသည်။ ထိုဒေသတွင် မိုးခေါင်ခြင်းနှင့် အစားအစာ ပြတ်လပ်ခြင်းတို့ အဖြစ်များပြီး အလယ်တန်းကျောင်းရှိ ကျောင်းသူကျောင်းသား ၉၅ ရာခိုင်နှုန်း ဝန်းကျင်မှာ ဆင်းရဲကြပြီး သုံးပုံတစ်ပုံခန့်မှာ မိဘမဲ့ သို့မဟုတ် မိဘတစ်ဦးတည်းသာ ရှိကြောင်း၊ ကျောင်းသို့ သွားရောက်ရာတွင်လည်း ခုနစ်ကီလိုမီတာ (လေးမိုင်) ခရီးကို ခြေကျင်သွားရခြင်း ဖြစ်ကြောင်း Varkey အဖွဲ့က ထုတ်ပြန်ခဲ့သည်။
ကျောင်းသား ၅၈ ဦးလျှင် ဆရာတစ်ဦးသာ အချိုးရှိသည့် အလယ်တန်းကျောင်းတွင် ကွန်ပျူတာ တစ်လုံးသာရှိပြီး အင်တာနက်လိုင်းလည်း မကောင်းကြောင်း၊ သို့သော် ဆရာ တဘီချီသည် ကျောင်းသားများ စိတ်ပါဝင်စားမှုရှိစေရန် ၎င်း၏ စာသင်ချိန် ၈၀ ရာခိုင်နှုန်းတွင် ကွန်ပျူတာကို အသုံးပြု၍ သင်ကြားပေးခဲ့ကြောင်း Varkey က ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
