မတ် ၂၃ ရက်က ပြင်သစ်နိုင်ငံတစ်ဝန်းရှိ မြို့များ၌ ဖြစ်ပွားခဲ့သော yellow vest ဆန္ဒပြမှုများအတွင်း ရုန်းရင်းဆန်ခတ်မှုများ ရှိခဲ့သော်လည်း ပြီးခဲ့သည့်သီတင်းပတ်က ပါရီဆန္ဒပြမှုအတွင်း ဖြစ်ပွားခဲ့သည့် ဆူပူ
ရမ်းကားမှုများနှင့်ပစ္စည်းခိုးယူမှုများကဲ့သို့ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရန် ရဲတပ်ဖွဲ့ အင်အားအများအပြားက တားဆီးနိုင်ခဲ့ကြောင်း သိရသည်။
၁၉ ပတ်မြောက် သီတင်းပတ်သို့ ရောက်ရှိလာပြီဖြစ်သော မတ် ၂၃ ရက်က အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲများအတွင်း လူပါင်း ၄၀၀၀၀ ကျော်သည် နိုင်ငံတစ်ဝန်းရှိ လမ်းမများပေါ်သို့ ရောက်ရှိလာခဲ့ကြကြောင်း၊ မြို့တော်ပါရီတွင် ဆန္ဒပြသူ ၅၀၀၀ ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ခရစ်တို ဖီကက်စ်တာနာက ပြောကြားခဲ့သည်။ yellow vest ဆန္ဒပြပွဲကို ဦးစီးဦးဆောင်ပြုသူများကမူ နိုင်ငံ တစ်ဝန်းတွင် ဆန္ဒပြသူအရေအတွက် ၁၂၇၂၀၀ ကျော်ထိမြင့်တက်လာမည်ဟု ခန့်မှန်းထားကြသည်။
မတ် ၂၃ ရက်က လုပ်ဆောင်သော yellow vest ဆန္ဒပြမှု အများစုမှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ကြခြင်းဖြစ်သော်လည်း ပါရီမြို့တွင်ပြုလုပ်သော ဆန္ဒပြပွဲ၌မူ မွန်းလွဲပိုင်းအချိန်တွင် ခိုက်ရန်ဖြစ်ပွားမှုများ ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့က ဓာတ်ငွေ့ကာမျက်နှာဖုံးနှင့် ဆိုင်ကယ် ဦးထုပ်တို့ဆောင်းထားကြသည့် ဆန္ဒပြသူများအား မျက်ရည်ယိုဓာတ်ငွေ့အသုံးပြု၍ ပစ်ခတ်ဖြိုခွင်းခဲ့ရကြောင်း သိရသည်။
နိုင်ငံတစ်ဝန်းတွင် ဆန္ဒပြသူ ၁၇၂ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး အခြားသော ဆန္ဒပြသူ ရာပေါင်းများစွာကို စစ်ဆေးမေးမြန်းမှု ပြုလုပ် သို့မဟုတ် ဒဏ်ငွေချမှတ်ခဲ့ကြောင်း ကက်စတာနာက ဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်က ပါရီမြို့အနောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုနှင့် မင်းမဲ့စရိုက်ဆန်သော မည်သည့်ဆန္ဒပြမှုမျိုးကိုမဆို သည်းခံမည်မဟုတ်ဟု အာဏာပိုင်များက ကတိပြု စဉ် ယခုတစ်ကြိမ် yellow vest ဆန္ဒပြမှုအတွင်း ပါရီ၌ ရေအမြှောက်တပ်ဆင်ထားသော သံချပ်ကာယာဉ်များနှင့် လုံထိန်းတပ်ဖွဲ့ဝင် ၆၀၀၀ ခန့် ကို ချထားခဲ့သည်။ ယခုသီတင်းပတ်၌ ဆန္ဒပြခွင့်မရှိသည့် နေရာများထဲတွင် တူးလောက်စ်၊ ဘော့ဒွင်း၊ ဒီဂွန်၊ ရင်းစ်မြို့ရှိ အထင်ကရနေရာများ၊ တရုတ်သမ္မတ ရှီကျင်းပင်နှင့် ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်တို့ တွေ့ဆုံကြမည့် တောင်ပိုင်း နိုက်စ်မြို့လည်း ပါဝင်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
