မာလီနိုင်ငံသို့ ကုလသမဂ္ဂ ကိုယ်စားလှယ်တစ်ဖွဲ့ ရောက်ရှိနေစဉ် မတ် ၂၃ ရက် က နိုင်ငံအလယ်ပိုင်းရှိ ဖူလာနီမျိုးနွယ်စုဝင်များ နေထိုင်သည့် ရွာတစ်ရွာ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ရာ လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။
အိုဂိုဆာဂူကျေးရွာသို့ ရိုးရာ ဒိုဂွန်မုဆိုးများက ဝင်စီးတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသက်ရှင်ကျန်ရစ်သူများက ပြောကြားခဲ့ကြကြောင်း အဆိုပါကျေးရွာတည်ရှိရာ ဘန့်အက်စ်ခရိုင်၏ အုပ်ချုပ်ရေးမှူးဖြစ်သူ ဘောဘာကာကိန်းက ဆိုသည်။ လုံခြုံရေးသတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်အရ ရွာသားများသည် သေနတ်နှင့်ပစ်ခတ်ခံရခြင်း၊ တောခုတ်ဓားများနှင့် ခုတ်သတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။
အမျိုးသမီးနှင့် ကလေးများအပါအဝင် အရပ်သား ၁၃၄ ဦးထက်မနည်း အသတ်ခံခဲ့ရသည်ဆိုသော သတင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်ဇ်မှာ ထိတ်လန့်ဒေါသ ထွက်သွားခဲ့သည်ဟု ဂူတာရက်ဇ်၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ပြီး ဖြစ်စဉ်ကို အမြန်ဆုံးစုံစမ်းပြီး ကျူးလွန်သူများကို တရားဥပဒေနှင့်အညီ အရေးယူပေးရန် မာလီအာဏာပိုင်များကို ဆော်သြထားသည်ဟု သိရသည်။
ဘာကီနာဖာဆိုနိုင်ငံ နယ်စပ်အနီးတွင်တည်ရှိသည့် အိုဂိုဆာဂူကျေးရွာတွင် မတ် ၂၃ ရက် အရုဏ်တက်ချိန်က တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ ထိုဒေသသည် မျိုးနွယ်စုဆိုင်ရာ အကြမ်းဖက်မှုများ မကြာခဏဖြစ် ပွားသည့်နေရာဖြစ်သည်။
ဒိုဂွန်မုဆိုးများသည် ကျေးရွာထဲရှိ တဲအိမ်အားလုံးနီးပါးကို မီးရှို့သွားခဲ့သည်ဟု မျက်မြင်သက်သေနှစ်ဦးကလည်း ပြောကြားခဲ့သည်။
ထိုဖြစ်စဉ်အတွင်း ဒဏ်ရာရသူများကို ကယ်တင်ရန်နှင့် တိုက်ခိုက်မှုများထပ်မံ မဖြစ်ပွားစေရန် တားမြစ်ရေးအတွက် မာလီရှိ ကုလသမဂ္ဂမစ်ရှင် (MINUSMA) က လေကြောင်းမှ အကူအညီပေးခဲ့သည်ဟု ဂူတာရက်ဇ်၏ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
ကုလသမဂ္ဂလုံခြ ုံရေးကောင်စီမှ ကိုယ်စားလှယ်တစ်ဖွဲ့သည် ဆာဟယ်ဒေသထဲမှ ဂျီဟတ်ခြိမ်းခြောက်မှုအခြေအနေကို သိရှိနိုင်စေရန် ရောက်ရှိနေစဉ် ထိုလူသတ်ပွဲကြီး ဖြစ်ပွားခဲ့သည်။
မြေယာ အငြင်းပွားမှုများ
ဒိုဂွန်တို့၏မြေပေါ်တွင် ကျွဲ၊ နွားများကို စားကျက်မြေအဖြစ် လွှတ်ကျောင်းခြင်းများ ပြုလုပ်ကြသည်ဆိုသည့် စွပ်စွဲမှုများနှင့် ရေ၊ မြေပိုင်ဆိုင်ခွင့် အငြင်းပွားမှုတို့မှတစ်ဆင့် ဒေသခံအချင်းချင်း တိုက်ခိုက်မှုများဖြစ်ပွားနေစဉ် တစ်ဖက်တွင်မူ ထိုဒေသသည် ဂျီဟတ်တို့၏ လွှမ်းမိုးမှုနှင့်လည်း ရင်ဆိုင်နေကြရသည်။
ပြီးခဲ့သည့် လေးနှစ်အတွင်းက မာလီနိုင်ငံအလယ်ပိုင်းတွင် ဂျီဟတ်တိုက်ခိုက်ရေးသမားများသည် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ထွက်ပေါ်လာခဲ့သည်။ အစွန်းရောက် အစ္စလာမ္မစ်ဘာသာရေးဆရာ အမာဒူကိုဖာ ဦးဆောင်သော အဖွဲ့တစ်ဖွဲ့သည် မွတ်စလင် ဖူလာနီလူမျိုးများအား အဓိကထား၍ သိမ်းသွင်းစည်းရုံးလျက်ရှိသည်။
ထိုအချိန်မှစပြီး ရေကြည်ရာ မြက်နုရာ လှည့်လည်သွားကြသော ဖူလာနီအုပ်စုများနှင့် ဒိုဂွန်မျိုးနွယ်စုများကြားတွင် မကြာခဏ ခိုက်ရန်ဖြစ်ပွားလာခဲ့ကြသည်။ ကုလသမဂ္ဂ၏ အချက်အလက်များအရ ယမန်နှစ်က ထိုရန်ပွဲများအတွင်း အရပ်သား ၅၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်။
ဇန်နဝါရီလကလည်း အဆိုပါဒေသထဲရှိသည့် ဖူလာနီရွာတစ်ရွာဖြစ်သော ကိုလိုဂွန်သို့ ဒိုဂွန်မုဆိုးများ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် လူ ၃၇ ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။ ထိုသို့အခြေအနေများကြောင့် ဖူလာနီတို့သည် ၎င်းတို့ကို ပိုမိုကာကွယ်ပေးရန် အာဏာပိုင်များထံ ထပ်တလဲလဲ တောင်းဆိုနေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
