နော်ဝေမြို့တော် အော်စလိုသည် လျှပ်စစ်အငှားယာဉ်များအတွက် ကြိုးမဲ့အားသွင်းစနစ် တပ်ဆင်သည့် ကမ္ဘာ့ပထမဆုံးမြို့ဖြစ်လာမည်ဖြစ်သည်။ လျှပ်စစ်ကားများ အားသွင်းမှုကို လျင်မြန်စေပြီး ပိုမိုထိရောက်သည့်စနစ် ဖြစ်လာစေရန် ရည်မှန်းထားသော ထိုစီမံကိန်းတွင် လမ်းပေါ်၌ လျှပ်ကူးနိုင်သည့် အားသွင်းပြားများ တပ်ဆင်ထားသောစနစ်ကို အသုံးပြုမည်ဖြစ်သည်။ လျှပ်စစ်ကားတွင် တပ်ဆင်ထားသော အားသွင်းစနစ်နှင့် လမ်းပေါ်မှ လျှပ်ကူးစနစ်တို့ ချိတ်ဆက်ပြီး အားသွင်းနိုင်ရန် ရည်မှန်းထားကြောင်း ဖင်လန်ကုမ္ပဏီ Fortum က ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်မှစပြီး အော်စလိုရှိ အငှားယာဉ်အားလုံးသည် လျှပ်စစ်ကားများဖြစ်ရမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် နော်ဝေနိုင်ငံရှိ ကားအားလုံးသည် ကာဗွန်ဒိုင် အောက်ဆိုဒ်ထုတ်လွှတ်မှုလုံးဝမရှိသည့် ကားများဖြစ်ရမည်ဟု နော်ဝေက ရည်မှန်းထားသည်။
ဗြိတိန်နှင့်ပြင်သစ် အပါအဝင် အခြားနိုင်ငံများကလည်း အလားတူ ရည်မှန်းချက်များကို ၂၀၄၀ မတိုင်မီရရှိရန် ရည်မှန်းထားသည်။ အမေရိကန်ကုမ္ပဏီ Momentum Dynamics နှင့် အော်စလိုမြို့တော် ကောင်စီတို့နှင့် ပူးတွဲဆောင်ရွက်နေသော Fortum က အငှားယာဉ်များအား လျှပ်စစ်ကားများအဖြစ် အသွင်ပြောင်းလဲရန် အကြီးမားဆုံးသော အဟန့်အတားသည် အခြေခံ အဆောက်အအုံဖြစ်နေခဲ့ကြောင်း ကားများအားသွင်းရန်အတွက် အချိန်ပေးရလွန်းပြီး အားသွင်းသည့် နေရာရှာရန်အတွက်လည်း အချိန်ပေးရကြောင်း Fortum က ပြောကြားခဲ့သည်။
ခရီးသည်များအား စောင့်သည့်နေရာတွင် တန်းစီနေချိန်၌ တဖြည်းဖြည်းချင်း အားသွင်းနိုင်သောကြောင့် လျှပ်ကူးပြားများဖြင့် အားသွင်းသည့်စနစ်သည် ပိုမိုထိရောက်မှုရှိသည်။
နော်ဝေသည် ကမ္ဘာပေါ်တွင် လျှပ်စစ်ကားပိုင်ဆိုင်မှု အမြင့်ဆုံးနိုင်ငံဖြစ်ပြီး လျှပ်စစ်ကားများအား လမ်းကြေးစျေးလျှော့ပေးခြင်း သို့မဟုတ် ကင်းလွတ်ခွင့်ပေးခြင်း၊ ကားရပ်နားရန်နေရာနှင့် အားသွင်း သည့်နေရာများ စီစဉ်ပေးခြင်းတို့ကြောင့် လျှပ်စစ်ကားအသုံးပြုမှု မြင့်မားစေခဲ့သည်။
ယမန်နှစ်က နော်ဝေတွင် ရောင်းချသည့် ကားသုံးစီးတွင် တစ်စီးနီးပါးသည့် လျှပ်စစ်ကားများဖြစ်သည်။ ကားထုတ်လုပ်မှုလုပ်ငန်းမရှိသော နော်ဝေတွင် သမားရိုးကျကားများအား အခွန်ကောက်ခံမှု အလွန်မြင့်မားသော်လည်း လျှပ်စစ်ကားများကို အစိုးရက အခွန်မှ ကင်းလွတ်ခွင့်ပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
