၂၀၁၄ ခုနှစ် အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ပထမဆုံးကျင်းပသည့် ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲတွင် အတိုက်အခံဖြစ်သော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ ဖြူထိုင်းပါတီသည် မဲရုံအထွက် စစ်တမ်းများအရ အမတ်နေရာ ၁၆၃ ဖြင့် အများဆုံး ရရှိသော်လည်း အစိုး
ရဖွဲ့ရန် မလုံလောက်ကြောင်း သိရသည်။ စစ်တပ်ကလိုလားသော ပါတီသည် ၉၆ နေရာဖြင့် ဒုတိယနေရာ၌သာ ရှိသည်။
ယင်းစစ်တမ်းအရ ရလဒ်မှန်ကန်ခဲ့ပါက အမတ်နေရာအများဆုံး ရရှိသော ဖြူထိုင်းပါတီသည် အခြားပါတီများနှင့် ဒီမိုကရက်တစ်တပ်ဦးအဖြစ် မဟာမိတ်ဖွဲ့ရန် မျှော်လင့်ထားသည့်အတိုင်း အစိုးရဖွဲ့ရန် လုံလောက်မှုမရှိကြောင်း သိရသည်။
စစ်အစိုးရအဖွဲ့ခေါင်းဆောင် ပါရာယွတ်ချန်အိုချာကို ဝန်ကြီးချုပ်အဖြစ် ဆက်လက်ထားရှိရန် လိုလားသော ပါလန်းပရာချာရက် ပါတီသည်လည်း အခြားပါတီများနှင့် မဟာမိတ်ဖွဲ့ရန် လိုအပ်မည် ဖြစ်သည်။ သို့သော် ပရာယွတ်၏ ပါတီသည် စစ်အစိုးရက ရေးဆွဲထားသော ရွေးကောက်ပွဲ စည်းမျဉ်းများအရ ပိုမိုကောင်းမွန်သော အခွင့်အလမ်းတစ်ရပ် ရှိနေကြောင်း သိရသည်။
ယခု မဲရုံအထွက်စစ်တမ်းများကို ထိုင်းသုတေသနဌာန ဖြစ်သော Super Poll က ဆောင်ရွက်ခြင်းဖြစ်ပြီး ထိုင်းရုပ်သံချန်နယ်ဖြစ်သော PBS က ဒေသစံတော်ချိန် ၅ နာရီ၌ မဲရုံများပိတ်ပြီးနောက် မကြာမီ ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
