ပြည်တွင်းထုတ်ကုန်များကို ပြည်ပဈေးကွက်သို့ တိုးချဲ့တင်ပို့နိုင်ရန်အတွက် နိုင်ငံတကာကုန်စည်ပြပွဲများတွင် လိုက်လံပြသရောင်းချလျက်ရှိကြောင်း MSME လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။
ထို့ပြင် အစိုးရအနေဖြင့်လည်း MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်အတွက် ပံ့ပိုးကူညီလျက်ရှိပြီး ပြည်တွင်းရှိလုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ ထုတ်ကုန်များကို ပြည်ပဈေးကွက်ရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
” ဟိုတစ်ခါ နန်းနင်ပြည်နယ်မှာလုပ်တဲ့ ကုန်စည်ပြပွဲမှာဆိုရင် ပြည်တွင်းက ဝါးနဲ့ထုတ်တဲ့ထုတ်ကုန်တွေကို သဘော ကျကြတယ်။ ပစ္စည်းပါသလောက် ကုန်အောင်ရောင်းခဲ့ရတယ်။ နောက်ထပ်လည်း လိုချင်လို့ အော်ဒါမှာယူတာတွေရှိတယ်။ ပြည်တွင်းထုတ်ကုန်တွေကို ပြည်ပဈေးကွ က် ပိုရရှိဖို့ နိုင်ငံတကာကုန်စည်ပြပွဲတွေမှာ ပြသရောင်းချပါတယ်” ဟု MSME လုပ်ငန်းရှင်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ Times City Jewellery Mall တွင် ကျင်းပပြုလုပ်ခဲ့သည့် 2024 Myanmar Real Estate ပြပွဲကြီး နှင့် သီတင်းကျွတ် ဈေးရောင်းပွဲတော်ကြီးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွား ရေးလုပ်ငန်းများလုပ်ကိုင်သည့် လုပ်ငန်းရှင်များအနေ ဖြင့် ပုဂ္ဂလိကဘဏ်များတွင် ချေးငွေများစတင်လျှောက် ထားနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာထားသည်။
MSME လုပ်ငန်းရှင်များ ချေးငွေရယူမှု ပိုမိုအဆင်ပြေစေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်အပြင် မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၁၅) ဘဏ်တွင်လည်း ချေးငွေများ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ကြေ ညာချက်အရ သိရသည်။





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
