Top News

မဟာအောင်မြေမြို့နယ်တွင် ငွေကျပ် (၃၅၄) သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် (၂၉၅) ဂရမ် ဖမ်းဆီးရမိ
24htopnews | October 18, 2024 7:12 PM CST

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ငွေကျပ် (၃၅၄) သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် (၂၉၅) ဂရမ် ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ (၅၈)လမ်း၊ (၄၁)လမ်းနှင့် (၄၂)လမ်းကြားတွင် ယမန်နေ့ အောက်တိုဘာ (၁၇) ရက် ညနေ(၅)နာရီခွဲအချိန်က မူးယစ်ဆေးဝါး သတင်းအရ တာဝန်ရှိသူများမှ သက်သေများနှင့်အတူ မခွန်မိုင်မောင်းနှင်လာသည့် SUZUKI SWIFT အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ငွေကျပ် (၃၅၄) သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် (၂၉၅) ဂရမ်နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိသိမ်း ဆည်းရမိခဲ့ပြီး ဖြစ်စဉ်အရ မခွန်မိုင်(၃၀)နှစ်အား အမှတ်(၉) မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ (၁၅) ရက်ကလည်း ပြည်ကြီးတံခွန်မြို့နယ်တွင် အမျိုးသား (၂)ဦးထံမှ ငွေကျပ်သိန်း (၂၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေး အပြား (၁၀၀၀၀) ဖမ်းဆီးရမိခဲ့ရာ စိုင်းခေးလီ(၃၁)နှစ် နှင့် စိုင်းသျှန်ဟန်ခမ်း(၂၃)နှစ်တို့အား စက်မှုနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK