ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ ချောင်းကမ်းခြေ၌ သီတင်းကျွတ်ရုံးပိတ်ရက်ကာလ ခရီးသွားဧည့်သည်ဝင်ရောက်မှုများပြားပြီး ယမန်နေ့ သီတင်းကျွတ်လပြည်နေ့တွင် ချောင်းသာကမ်းခြေတလျှောက် အပန်းဖြေသူ များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်သူများ ပျော်ရွှင်စွာ အနားယူနိုင်ရန်၊ လုံခြုံမှုရှိစေရန်၊ ကမ်းခြေသန့်ရှင်း သာယာလှပရန်၊ ကမ်းခြေတွင် စျေးရောင်းချသည့်သူများ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချစေရန်၊ ယာဉ် ကြောပိတ်ဆိုမှု မဖြစ်စေရန် မြို့အုပ်ချုပ်ရေးမှူးမှ ဦးဆောင်ပြီး ဌာနဆိုင်ရာနှင့် ဒေသခံပြည်သူများ ပါဝင်သော ပူးပေါင်းအဖွဲများက ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရီးသွားဧည့်သည်များအနေဖြင့် ချောင်းသာကမ်းခြေအပြ င် ဖိုးကလားကျွန်း၊ သဲဖြူကျွန်းတိုသို စက်လှေ၊ မော်တော် ဘုတ်များ၊ ကျောက်မောင်နှစ်မသို့ ကား၊ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်များဖြင့် သွားရောက် လည်ပတ်မှုများအပြင် ဒေ သထွက်အစားအစာ၊ အမှတ်တရ ပစ္စည်းရောင်းချရာနေတို့တွင်လည်း လေ့လာကြည့်ရှုသူ၊ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပုသိမ်လေဆိပ်တွင် MAI အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်းမှလည်း ရန်ကုန်-ပုသိမ်-မန္တလေး-ဟုမ္မလင်း-မန္တလေး- ခရီးစဉ်များကို ပြေးဆွဲ ပေးနေပြီး လေယာ ဉ်ဖြင့် လာရောက်မှုများရှိနေကြောင်းလည်း သိရသည်။
လေယာဉ်စီး ခရီးသည်များအတွက် ပုသိမ်မြို့တွင်းရှိ ထင် ရှားသောအထင်ကရနေရာများ၊ ဘုရား၊ စေတီများနှင့် ငွေဆောင်၊ ချောင်းသာစသည့် ကမ်းခြေဒေသများနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ သွားလာလည်ပတ်နိုင်ရန် (မိုက်ခရို/မီနီဘတ်) စင်းလုံးငှားပို့ဆောင်ရေး ဝန်ဆောင် မှုများကိုလည်း ဆောင်ရွက်ပေးထားကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
