ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်)နေ့၌ ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ခြင်းနှင့် မီးပုံးပျံများ လွှတ်တင်ပူဇော်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သမိုင်းဝင်ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့်နေ့က မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဟိုင်းကြီးကျွန်းမြို့သူ၊ မြို့သားများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာရောက်ကြသူများမှ ဆီမီး (၁၀၀၀)၊ ပန်း (၁၀၀၀) တို့ဖြင့် ကပ်လှူပူဇော်ကြပြီး မိဘမေတ္တာဆရာတော် သာသနဓဇဓမ္မာစရိယ နယ်လှည့်ဓမ္မာကထိက ဘဒ္ဒန္တတေ ဇောဘာသ (ဘိုကလေး) အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြားခဲ့ကြောင်း သိရသည်။
ထိုနောက် ဘုရားဖူးလာရောက်ကြသူများက တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွမြန်းတော်မူလာသည့် ဗုဒ္ဓမြတ်စွာဘုရားရှင်အား ရည်မှန်း၍ မီးပုံးပျံများ လွှတ်တင်ပူဇော်ခဲ့ကြကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့သူ၊ မြို့သားများနှင့် ရပ်ဝေးရပ်နီးမှ လာရောက်သည့် ဘုရားဖူးဧည့်သည်များမှ သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီမြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးနှင့် ဟိုင်းကြီးကျွန်းမြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများအား ပန်း၊ ဆီမီး၊ သောက်တော်ရေချမ်း၊ အမွှေးနံ့သာများဖြင့် ကပ်လှူပူဇော်ခြင်းများ၊ ရွှေသင်္ကန်းများကပ်လှူခြင်း၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ ဥပုသ်သီလစောင့်တည်ခြင်းတို့ဖြင့် ဟိုင်းကြီးကျွန်းမြို့၌ စည်ကားလျက်ရှိကြောင်း သိရသည်။
သီတင်းကျွတ်လပြည့်နေ့တွင် နိုင်ငံတစ်ဝန်းရှိ ပြည်သူများအနေဖြင့် ဘုရား၊ ပုထိုး၊ စေတီတို့၌ ကုသိုလ်ကောင်းမှုများ ပြုကြပြီး အထူးစည်ကားလျက်ရှိရာ ဒေသအသီးသီးတွင်လည်း ဘုရားဖူးခရီးသွားဧည့်သည့် ဝင်ရောက်မှု များပြားလျက်ရှိကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
