အဂတိလိုက်စားမှုများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက သတိပေး ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂို လ် ကရင်ပြည်နယ် ခရီးစဉ်တွင် အတူလိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးသည် မတ် ၁၈ ရက်က ကရင်ပြည်နယ် ခရိုင်နှင့် မြို့နယ်များမှ ထွေ/ အုပ်ဝန်ထမ်းများအား ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံစဉ် ယင်းသို့ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။
‘ကိုယ်ကျိုးစီးပွားနှင့် အဂတိတရား ကင်းစင်အောင်၊ စာရိတ္တမဏ္ဍိုင် ခိုင်မာအောင် တည်ဆောက်ပေးကြပါ။ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး ဂရုတစိုက်ဆောင်ရွက်ပေးကြပါ။ လာဘ်ပေးလာဘ်ယူကင်းစင်ပြီး သန့်ရှင်းသည့် အုပ်ချုပ်ရေးယန္တရားဖြစ်အောင် ဦးတည်ကြိုးပမ်းရာမှာ မိမိတို့ အနေဖြင့် အဂတိလိုက်စားမှုကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ကို သတိပေးလိုပါကြောင်း’ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပြောကြားသည်။
ပြည်သူကို မျက်နှာမူသည့် အုပ်ချုပ်ရေး မဏ္ဍိုင်ဖြစ်လာရန် အချက်သုံးချက်ကို အလေးထား ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။
နံပါတ်တစ်အချက်အနေဖြင့် ပြည်သူနှင့် တိုင်ပင်နှီးနှောပြီး ပြည်သူ့ဆီကအကြံဉာဏ်ယူရန်၊ ပြည်သူနှင့် တစ်သားတည်းဖြစ်သည့် အုပ်ချုပ်ရေး ယန္တရား ဖြစ်ရန်၊ နံပါတ်နှစ်အချက် အနေဖြင့် အဂတိကင်းစင်ပြီး ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ ပြည်သူဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်၊ နံပါတ်သုံး အချက်အနေဖြင့် အပြောင်းအလဲကို ရှေးရှုပြီး ပြုပြင်သင့်သည်များကို ရဲရဲတင်းတင်းပြုပြင် ခြင်းများဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းသည်။
ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် ကရင်ပြည်နယ်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် မတွေ့ဆုံမီ၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ ထွေ / အုပ် ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အ စည်းအဝေးသဘောတူညီချက်ဖြင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနလက်အောက်သို့ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
