Top News

■ ယမားလ်အတွက် ယူရိုသန်း(၂၅၀)ဖြင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့ဟု လာပေါ်တာ အတည်ပြု     
24htopnews | October 18, 2024 10:12 PM CST

ဘာစီလိုနာအသင်း၏ဥက္ကဋ္ဌ လာပေါ်တာက ဆယ်ကျော်သက် ကြယ်ပွင့်ကစားသမား ယမားလ်အတွက် ယူရိုသန်း (၂၅၀)ဖြင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ 

ယမားလ်သည် လက်ရှိအချိန်၌ ဘာစီလိုနာအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေသူဖြစ်ပြီး ဂန္ထဝင်ကစားသမား မက်ဆီနှင့် ခိုင်းနှိုင်းချီးကျူးမှုများပင်ရှိနေသည်။ 

၎င်းကို PSG အသင်းက ပြီးခဲ့သည့်နွေရာသီတွင် ပြောင်းရွှေ့ကြေး ယူရိုသန်း(၂၅၀)ဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး  ဘာစီလိုနာအသင်းက ပယ်ချခဲ့ခြင်းဖြစ်သည်။ 

လာပေါ်တာက ယမားလ်သည် လက်ရှိဘောလုံးလောက၌ အကျော်ကြားဆုံးကစားသမားဖြစ်နေပြီး တန်ဖိုးဖြတ်၍မရနိုင်သည့်ကစားသမားလည်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

အသက် (၁၇) နှစ်အရွယ်ရှိ ယမားလ်သည် ဘာစီလိုနာအကယ်ဒမီထွက်ကစားသမားဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၆၁) ပွဲတွင် (၁၂) ဂိုး သွင်းယူထားသည်။ 


READ NEXT
Cancel OK