Top News

■ မန်ယူအသင်း၏ ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်ကို ဒေးဗစ်ဘက်ခမ် ထောက်ခံ     
24htopnews | October 18, 2024 10:12 PM CST

မန်ယူအသင်း၏ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သည့် ဒေးဗစ်ဘက်ခမ်က ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်၏ လုပ်ဆောင်မှုများကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။ 

ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်သည် မန်ယူအသင်း၏ရှယ်ယာ (၂၅) ရာခိုင်နှုန်းကို ဝယ်ယူပြီးနောက် အသင်း၏ဘောလုံးဆိုင်ရာကိစ္စများကို စီမံခန့်ခွဲခွင့် ရရှိခဲ့သည်။ 

ယင်းနောက် ဆာဂျင်ရက်ကလစ်ဖ်သည် မန်ယူအသင်း၏ စီမံအုပ်ချုပ်ပိုင်းကို ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်လျက်ရှိပြီး အသင်းအသုံးစရိတ်များကို လျှော့ချသည့်အနေဖြင့် ဝန်ထမ်း (၂၅၀) ကို အလုပ်ဖြုတ်ခဲ့သလို၊ အသင်းဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ကိုလည်း အသင်း၏ကမ္ဘာလုံးဆိုင်ရာသံတမန်အဖြစ်မှ ယခုရာသီကုန်တွင် ဖယ်ရှားရန် ဆုံးဖြတ်ခဲ့သည်။ 

ထို့ကြောင့် ဆာဂျင်ရက်ကလစ်ဖ်မှာ ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရသော်လည်း ဒေးဗစ်ဘက်ခမ်က ၎င်းကို ထောက်ခံခဲ့ခြင်းဖြစ်သည်။ 

၎င်းက "ကျွန်တော် ရက်ကလစ်ဖ်ကို တကယ်သဘောကျပါတယ်။ ယူနိုက်တက်ပရိသတ်တစ်ယောက်အနေနဲ့ ပြောရရင် သူလုပ်နေတာတွေက သေချာပေါက် အပြောင်းအလဲလုပ်ဖို့ လိုနေတာတွေလို့ ကျွန်တော် ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။


READ NEXT
Cancel OK