ခရစ္စတယ်ပဲလေ့စ်အသင်းသည် လက်ရှိအချိန်၌ အသင်းလက်မဲ့ဖြစ်နေသည့် စကော့တလန်နည်းပြ ဒေးဗစ်မွိုက်စ်ကို လက်ရှိနည်းပြ ဂလက်စ်နာ၏နေရာ အစားထိုးရန် ပစ်မှတ်ထားနေကြောင်း သိရသည်။
ခရစ္စတယ်ပဲလေ့စ်အသင်းသည် ဂလက်စ်နာ၏ ဦးဆောင်မှုအောက်တွင် ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲ၌ နိုင်ပွဲမရသေးဘဲ တန်းဆင်းဇုန်အတွင်း ရောက်ရှိနေသည်။
ထို့ကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းတာဝန်ရှိသူများသည် နည်းပြအပြောင်းအလဲပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ဝက်စ်ဟမ်းအသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် စကော့တလန်လူမျိုးနည်းပြ ဒေးဗစ်မွိုက်စ်ကလည်း ပရီးမီးယား လိဂ်တွင် နည်းပြအဖြစ် ပြန်လည်ဆောင်ရွက်ရန် ဆန္ဒရှိနေကြောင်း သိရသည်။
ခရစ္စတယ်ပဲလေ့စ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၇) အပြီးတွင် နိုင်ပွဲလုံးဝမရသေးဘဲ (၃) ပွဲသရေ၊ (၄) ပွဲရှုံး ရလဒ်ထွက်ပေါ်ထားကာ ရမှတ် (၃) မှတ်ဖြင့် အဆင့် (၁၈) နေရာ ရောက်ရှိနေသည်။
ထို့ကြောင့် ခရစ္စတယ်ပဲလေ့စ်နည်းပြ ဂလက်စ်နာမှာ မန်ယူအသင်းနည်းပြ တန်ဟက်ဂ်ပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ်တွင် ထုတ်ပယ်ခံရမည့်နည်းပြစာရင်းတွင် ဒုတိယနေရာ၌ ရပ်တည်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
