ကိုမို - ပါးမား (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၉ ရက် ည ၇:၃၀ နာရီ)
တန်းတက် (၂)သင်းထိပ်တိုက်တွေ့ဆုံတဲ့ပွဲဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ စီးရီးဘီတွေ့ဆုံမှုမှာတော့ ပါးမားက (၁)ပွဲနိုင်၊ (၁)ပွဲသရေ ကစားခဲ့တယ်။ ဒါပေမဲ့ အခုတွေ့ဆုံမှုမှာ အိမ်ကွင်းအားသာချက်ရှိတဲ့ ကိုမိုကို ကြိုက်တယ်။
ဂျီနိုအာ - ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၉ ရက် ည ၇:၃၀ နာရီ)
ဂျီနိုအာက စီးရီးအေနောက်ဆုံး (၅)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး အဲဒီ(၅)ပွဲမှာ (၂)ဂိုးပဲသွင်းနိုင်ခဲ့တယ်။ ဘိုလော့ဂ်နာကလည်း ဗီလာနဲ့ အရေးကြီးအဝေးကွင်းချန်ပီယံလိဂ်ပွဲရှိလို့ အဓိကကစားသမားတွေကို အနားပေးနိုင်တယ်။ ဂျီနိုအာကို ကြိုက်တယ်။
အေစီမီလန် - အူဒီးနီးစ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၉ ရက် ည ၁၀:၃၀ နာရီ)
အေစီမီလန်က စီးရီးအေ (၃)ပွဲဆက်အနိုင်ရပြီးမှ နောက်ဆုံးပွဲမှာ ဖီအိုရင်တီးနားကို ရှုံးခဲ့တယ်။ နည်းပြ ဖွန်ဆီကာရဲ့ အေစီမီလန်က ကစားပုံမဆိုးပေမဲ့ ရလဒ်ပိုင်းကတော့ တည်ငြိမ်ဖို့လိုအပ်နေသေးတယ်။ အူဒီးနီးစ်ကတော့ ရိုးမား၊ အင်တာမီလန်တို့ကို ရှုံးခဲ့ပေမဲ့ အနိုင်ရသင့်တဲ့ပွဲတိုင်း အနိုင်ကစားထားတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ နိုင်ပွဲပြန်ရှာဖို့ ကြိုးစားမယ့် အေစီမီလန်ကို ဟန့်တားဖို့တော့ မလွယ်ပါဘူး။ အေစီမီလန် နိုင်ပွဲပြန်ရမယ်။
ဂျူဗင်တပ်စ် - လာဇီယို (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၀ ရက် နံနက် ၁:၁၅ နာရီ)
နည်းပြ မော့တာရဲ့ ဂျူဗင်တပ်စ်က စီးရီးအေမှာ သရေပွဲတွေ များနေတယ်။ ဗလာဟိုဗစ်ကိုပဲ အားကိုးနေရတဲ့တိုက်စစ်က နောက်ဆုံး (၂)ပွဲဆက် ဂိုးပေါက်ပြန်တွေ့ခဲ့ပေမဲ့ (၄)မှတ်ပဲ ရခဲ့တယ်။ အမှတ်လေလွင့်ခဲ့တယ်။ လာဇီယိုက ချန်ပီယံလိဂ်ဝင်ခွင့်ပစ်မှတ်ထားနေတဲ့ အသင်းဖြစ်ပြီး ဂန်ဒူဇီ၊ ဇက်ကာဂ်နီတို့က အတော်လေးအားကိုးရပါတယ်။ ဒါပေမဲ့ ၂၀၂၀ ခုနှစ် နောက်ပိုင်း ဂျူဗင်တပ်စ်ကွင်းတွေ့ဆုံမှုတွေကို ကြည့်ရင်တော့ လာဇီယိုအသင်း နိုင်ပွဲတစ်ပွဲမှ မရခဲ့ပါဘူး။ ဂျူဗင်တပ်စ်ပဲ ကပ်နိုင်သွားမယ်ထင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
