ဘီလ်ဘာအို - အက်စ်ပန်ညို (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၉ ရက် ည ၆:၃၀ နာရီ)
ဘီလ်ဘာအိုကတော့ ပြည်တွင်း၊ ပြည်ပပြိုင်ပွဲ (၂)ခုအ ကြား ဟန်ချက်ညီအောင်ထိန်းနေရသေးတယ်။ နောက်ပြီး ဒီရာသီ ဘီလ်ဘာအိုရဲ့အိမ်ကွင်း၊ အဝေးကွင်းကစားပုံတွေကလည်း သိပ်မငြိမ်လှသေးဘူး။ အက်စ်ပန်ညို အဝေးကွင်းအားနည်းနေပေမယ့် အတတ်နိုင်ဆုံး ခံစစ်သတိကြီးကြီးနဲ့ ထိန်းကစားနေလို့ ဘီလ်ဘာအို အလွယ်တကူအနိုင်ရနိုင်မယ့် ပွဲမျိုးမဟုတ်ဘူး။ သရေကျသွားနိုင်တာကို သတိထားရမယ်။
အိုဆာဆူနာ - ဘက်တစ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၉ ရက် ည ၈:၄၅ နာရီ)
အိုဆာဆူနာကတော့ အိမ်ကွင်းကစားပုံကောင်းကို ထိန်းထားနိုင်တုန်းပဲ။ အိမ်ကွင်းမှာ ရဲရဲဖွင့်ကစားတတ်သလို ဂိုးတွေလည်း ရတတ်တယ်။ ဘက်တစ်ကတော့ အဝေးကွင်းထိန်းကစားဖို့ ကြိုးစားဆဲအဆင့်မှာပဲရှိသေးပြီး ခံစစ်မဆိုးလှပေမယ့် တိုက်စစ်က ဂိုးရဖို့ရုန်းကန်နေရသေးတယ်။ ဒါကြောင့် အိမ်ကွင်းခံစစ်ကစားပုံလည်း မဆိုးလှတဲ့ အိုဆာဆူနာကို ဘက်တစ်အနိုင်ယူနိုင်ဖို့ မဖြစ်နိုင်လောက်ဘူး။ အိုဆာဆူနာနဲ့ ဂိုးအနည်းပဲ ကောင်းမယ်။
ဂျီရိုနာ - ဆိုစီဒက် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၉ ရက် ည ၁၁:၀၀ နာရီ)
ချန်ပီယံလိဂ်တစ်ဖက်နဲ့ ဂျီရိုနာအာရုံများနေပြီး အသင်းခြေစွမ်းကလည်းမငြိမ်ဘူးဖြစ်နေတယ်။ ဒါပေမဲ့ ဆိုစီဒက်ရဲ့ ခြေစွမ်းကလည်း ဒီရာသီပုံမှန်အောက်ရောက်နေတဲ့အပြင် အဝေးကွင်းမှာလည်း ကစားပုံပိုဆိုးသလိုဖြစ်နေလို့ ဂျီရိုနာအမှတ်ရအောင်ယူနိုင်ဖို့ မျှော်လင့်ချက်ရှိနေတယ်။ ဆိုစီဒက်ကတော့ သရေတစ်မှတ်အတွက် အဓိကပြင်ဆင်လာဖို့ရှိနေပြီး ခံစစ်အားပြုကစားလာမှာပါ။ ဂျီရိုနာ အနိမ့်ဆုံးသရေပါပဲ။
ဆယ်လ်တာဗီဂို - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၀ ရက် နံနက် ၁:၃၀ နာရီ)
ရီးယဲလ်မက်ဒရစ်အတွက် ဆယ်လ်တာဗီဂိုက ငယ်နိုင်လို ဖြစ်နေပေမယ့် ဒီရာသီဆယ်လ်တာဗီဂိုရဲ့ပြောင်းလဲလာတဲ့ အိမ်ကွင်းကစားပုံ၊ ကစားအားအရတော့ သတိထားသင့်တဲ့ပြိုင်ဘက် ဖြစ်လာတယ်။ ဆယ်လ်တာဗီဂိုရဲ့ ဒီရာသီအိမ်ကွင်းကစားပုံက တိုက်စစ်ကောင်းပြီးဂိုးတွေလည်းပိုသွင်းပြနိုင်တာတွေ့ရလို့ ရီးယဲလ်ခံစစ်ကို ဖိအားပြန်ပေးနိုင်ဖို့ရှိနေတယ်။ ရီးယဲလ်ကလည်း အဝေးကွင်းပွဲတွေမှာ ကစားပုံလေးနေသလိုတွေ့နေရတဲ့အပြင် ခံစစ်ကလည်းဂိုးတွေခွင့်ပြုပေးနေရသလိုဖြစ်နေလို့ ဆယ်လ်တာဗီဂို ဒီပွဲမှာ ဂိုးရနိုင်မယ့်အခွင့်အရေးရှိနေတာအမှန်ပဲ။ ဒါကြောင့် ရီးယဲလ်တိုက်စစ်က ဒီပွဲမှာ ဆယ်လ်တာဗီဂိုတိုက်စစ်နဲ့အပြိုင်ဂိုးလိုက်သွင်းနိုင်မှာလားဆိုတာကပဲ အဓိကအဆုံးအဖြတ်ပေး သွားမလိုဖြစ်နေတယ်။ ဒီပွဲအပြီးချန်ပီယံလိဂ်လည်းနွှဲရဦးမယ့် ရီးယဲလ်ကြောင့် ဆယ်လ်တာဗီဂိုနဲ့ ဂိုးအများပဲ ရွေးထားချင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
