လေဗာကူဆင် - ဖရန့်ဖတ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၉ ရက် ည ၈:၀၀ နာရီ)
နှစ်သင်းစလုံး ကြားရက်မှာ ဥရောပပွဲတွေ ကစားရဖို့ရှိပေမဲ့ ဒီပွဲမှာ ပိုအားထည့်ကစားနိုင်တယ်။ လက်ရှိခြေစွမ်းအရတော့ ဒီနှစ်သင်းကြားမှာ ကွာခြားချက် ကြီးကြီးမားမား မရှိပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီ တွေ့ဆုံမှုမှာတော့ လေဗာကူဆင်အသင်းက နှစ်ကျော့စလုံး ဂိုးပြတ်အနိုင်ယူထားတာ တွေ့ရတယ်။ ဒီရာသီတော့ ရလဒ်ပိုင်း မပြတ်သားနိုင်လောက်လို့ ဖရန့်ဖတ်နဲ့စွန့်စားတာ ပိုကောင်းမယ်။
ဟော်ဖန်ဟင်မ် - ဘိုဟုမ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၉ ရက် ည ၈:၀၀ နာရီ)
ဇယားအောက်ဆုံး(၃)သင်းထဲက (၂)သင်း ရင်ဆိုင်ကစားရမှာဖြစ်တယ်။ ပွဲကျပ်ကာလကို ဖြတ်သန်းခဲ့ရတဲ့ ဟော်ဖန်ဟင်မ် နိုင်ပွဲပြန်ရနိုင်တယ်။
ဖရိုင်းဘတ် - အော့စ်ဘတ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၉ ရက် ည ၈:၀၀ နာရီ)
အော့စ်ဘတ်အသင်းက ဘွန်ဒစ်လီဂါအဝေးကွင်း (၆)ပွဲ ဆက်တိုက် အရေးနိမ့်ထားတယ်။ ဖရိုင်းဘတ်အသင်း အိမ်ကွင်း နိုင်ပွဲ ပြန်ရမယ်။
မိန့်ဇ် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၉ ရက် ည ၈:၀၀ နာရီ)
လိုက်ပ်ဇစ်အသင်း ကြားရက်မှာ လီဗာပူးလ်နဲ့ ချန်ပီယံလိဂ်ပွဲကျပ် ကစားဖို့ရှိတာ ထည့်တွက်ရမယ်။ မိန့်ဇ်က ဒီရာသီ အိမ်ကွင်းနိုင်ပွဲ မရှိသေးပေမဲ့ လျှော့တွက်လို့တော့ မရပါဘူး။ အိမ်ရှင်အသင်းကို အရဲစွန့်ရွေးချင်တယ်။
မိုချန်ဂလာဘတ် - ဟိုင်းဟိုင် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၉ ရက် ည ၈:၀၀ နာရီ)
ဟိုင်းဟိုင်အသင်းရဲ့ဒီရာသီ ရှုံးပွဲ(၃)ပွဲက ဒေါ့မွန်၊ ဖရိုင်းဘတ်နဲ့ လိုက်ပ်ဇစ်အသင်းတွေကို အရေးနိမ့်ထားတာပါ။ အဝေးကွင်းမှာ ဟိုင်းဟိုင် အမှတ်ရလိမ့်မယ်။
ဘိုင်ယန်မြူးနစ် - စတုဂတ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၉ ရက် ည ၁၁:၀၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်း နှစ်ပွဲဆက်သရေကျပြီးနောက် လိုက်ပ်ဇစ်အသင်းရဲ့ အမှတ်တူလိုက်လာမှုပါ ခံလာရတယ်။ ဒီပွဲပြီးရင် ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲကျပ် ကစားရဖို့လည်း ရှိနေလို့ ပြီးခဲ့တဲ့ပွဲမှာ ဗီလာအသင်းကို အရေးနိမ့်ထားတဲ့ ဘိုင်ယန်အသင်းနည်းပြ ကွန်ပနီအတွက် ခေါင်းခဲစရာပါ။ သေချာတာကတော့ ဘိုင်ယန်အသင်း အာရုံများနေမှာပါပဲ။ တစ်ဖက်မှာ စတုဂတ်အသင်းကလည်း ဂျူဗင်တပ်စ်နဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲကျပ် ကစားရဖို့ရှိလို့ ဘက်မျှတဲ့ အခြေအနေလို့လည်း ပြောနိုင်ပါတယ်။ အရန်အင်အားကြောင့် ဘိုင်ယန်ကိုပဲ ရွေးချင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
