တရုတ်နိုင်ငံတွင် ၂၀၁၈ ခုနှစ်၌ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးအရှုပ်တော်ပုံ ဖြစ်ပွားခဲ့ပြီးနောက် ဆေးလောကတွင် ယင်းကဲ့သို့ဖြစ်စဉ်မျိုး မဖြစ်အောင် တားဆီးပေးမည်ဟု အစိုးရက ကတိပေးခဲ့သော်လည်း တရုတ် အရှေ့ပိုင်းတွင် ကလေး ၁၄၅ ဦးထက်မနည်း သက်တမ်းလွန် ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်း ခံခဲ့ရသည်ဟု အစိုးရပိုင် မီဒီယာက ထုတ်ပြန်ခဲ့သည်။
တရုတ်တွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအတွက် စိုးရိမ်ပူပန်မှုမြင့်တက်စေသည့် ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် ကျန်စုပြည်နယ်ရှိ ကောင်တီအဆင့်ကျန်းမာရေး အရာရှိသုံးဦးကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး နောက်ထပ်ဝန်ထမ်းငါးဦးကို စုံစမ်းစစ်ဆေးနေသည်ဟု ကျင်ဟူကောင်တီအုပ်ချုပ်ရေးအဖွဲ့၏ ကြေညာချက်အရ သိရသည်။
ပိုလီယိုကာကွယ်ဆေးများကို ချိပ်ပိတ်ထားရန် အာဏာပိုင်များက ညွှန်ကြားခဲ့ပြီး ကောင်တီအတွင်းရှိ ကျန်းမားရေးနှင့်ဆက်စပ်သည့် ဌာနများကို စုံစမ်းစစ်ဆေးနေသည်ဟုလည်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အသက်နှစ်လနှင့် လေးနှစ်အတွင်းရှိ ကလေးများအတွက် ပိုလီယိုကာကွယ်ဆေးများကို အစိုးရက အခမဲ့ထိုးပေးခဲ့ခြင်းဖြစ်သည်။
ယခုသီတင်းပတ်အစောပိုင်း၌ ကောင်တီ ဦးစီးသည့်ကျန်းမာရေးဌာနတွင် ကလေးများကို သက်တမ်းတစ်လနီးပါးလွန်နေသော ပိုလီယိုကာကွယ်ဆေးများ တိုက်ကျွေးခဲ့သည်ကို ကလေးမိဘတစ်ဦးက ဖော်ထုတ်ခဲ့သည်ဟု အစိုးရပိုင်ရုပ်သံဌာန CCTV က ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းကာကွယ်ဆေးများသည် ဒီဇင်ဘာ ၁၁ ရက်တွင် သက်တမ်းကုန်သည့် ဆေးများ ဖြစ်သည်။
ဒီဇင်ဘာ ၁၁ ရက်နှင့် ဇန်နဝါရီ ၇ ရက် အတွင်း ကလေး ၁၄၅ ဦးကို ကာကွယ်ဆေး တိုက်ခဲ့သည်ကို ဒေသခံအုပ်ချုပ်ရေးအဖွဲ့က လေ့လာတွေ့ရှိခဲ့သည်ဟု အစိုးရသတင်းရင်းမြစ် တစ်ဦး၏ ပြောစကားကို ကိုးကား၍ CCTV က ဖော်ပြခဲ့သည်။
ယင်းကဲ့သို့သက်တမ်းလွန် ကာကွယ်ဆေးများ ပေးခံရသည့်သူများသည် ဆေးထိုးခံရစဉ်အတွင်း ဖျားနာမှုဖြစ်နိုင်ခြေမရှိသော်လည်း လုံလောက်သည့် ကာကွယ်ဆေးထိုးနှံမှု ဖြစ်မည်မဟုတ်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ယင်းပိုလီယိုကာကွယ်ဆေး တိုက်ကျွေးပြီးနောက် ကလေးအချို့သည် အော့အန်ခြင်း နှင့် အိပ်ငိုက်ခြင်းကဲ့သို့သော တုံ့ပြန်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု မိဘအချို့က အကြောင်းကြားခဲ့သည်ဟု CCTV တွင် ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထုတ်လုပ်သည့် တရုတ်ကုမ္ပဏီကြီးတစ်ခုက မှတ်တမ်းများကို အတု ပြုလုပ်ခဲ့မှုဖြစ်ပေါ်ခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ ကာကွယ်ဆေးလုပ်ငန်းတွင် ယင်းကဲ့သို့ သောဖြစ်စဉ်များကို အမြစ်ဖြတ်ချေမှုန်းမည်ဟု အစိုးရကထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
