Nissan ၏ ဥက္ကဋ္ဌဟောင်း ကားလို့စ်ဂိုဆင်သည် ယုံကြည်မှု ချိုးဖောက်မှုဖြင့် ဇန်နဝါရီ ၁၀ ရက်တွင် စွဲချက်တင်ခံခဲ့ရသည်ဟု တိုကျိုခရိုင်တရားရုံးက ထုတ်ပြန်ခဲ့သည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် ဖမ်းဆီးခံခဲ့ရသည့် ဂိုဆင်သည် ၂၀၁၅ ခုနှစ်အထိ ငါးနှစ်အတွင်း ၎င်း၏ ဝင်ငွေကို ဒေါ်လာ ၄၄ သန်း (ယန်း ၅ ဘီလျံ)ခန့် လျှော့ပေါ့ဖော်ပြခဲ့သဖြင့် ငွေကြေးဆိုင်ရာ လိမ်လည်ထုတ်ပြန်မှုဖြင့် အစောပိုင်းတွင် စွဲချက်တင်ခံထားရသည်။
ဂိုဆင်၊ Nissan ၏ နောက်ထပ်အမှုဆောင်တစ်ဦးဖြစ်သော Greg Kellyနှင့် Nissan ကုမ္ပဏီသည် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ် နှစ်လယ်အထိ နောက်ထပ်ဝင်ငွေလျှော့ပေါ့ ဖော်ပြမှုဖြင့်လည်း ဇန်နဝါရီ ၁၀ ရက်တွင် စွဲချက်တင်ခံခဲ့ရသည်။ ဂိုဆင်အာမခံဖြင့် လွတ်မြောက်ခွင့်ရနိုင်သည့်အယူခံကို ၎င်း၏ ရှေ့နေ မိုတိုနာရီအိုဆုရူက လျှောက်ထားခဲ့သည်။ ယုံကြည်မှု ချိုးဖောက်မှုစွပ်စွဲချက်များအတွက် ဂိုဆင်အား ထိန်းသိမ်းထားသည့်ကာလသည် ဇန်နဝါရီ ၁၀ ရက်တွင် သက်တမ်းကုန်ဆုံးပြီ ဖြစ်သည်။
Kellyနှင့် Nissan ကုမ္ပဏီသည် ယုံကြည်မှုချိုးဖောက်မှုဖြင့် စွဲချက်မတင်ခံခဲ့ရပေ။ ယင်းစွဲချက်အားလုံးသည် ဂိုဆင်၏ ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးမှုအား ကိုင်တွယ်ဖြေရှင်းမှုများနှင့် ဆော်ဒီစီးပွားရေးလုပ်ငန်းရှင် တစ်ဦးကို ငွေပေးချေခဲ့မှုများကို အဓိကထားခဲ့ ခြင်းဖြစ်သည်။
အသက် ၆၄ နှစ်အရွယ်ရှိ ဂိုဆင်က ၎င်းတွင် အပြစ်မရှိဟုပြောကြားခဲ့သည်။ ဂျပန်တွင် သံသယရှိသူများကို ရုံးတင်စစ်ဆေးမှုမတိုင်မီအထိ လနှင့်ချီ ထိန်းသိမ်းထားလေ့ရှိသည်။ ဘရာဇီးနိုင်ငံဖွား ပြင်သစ်-လက်ဘနွန်နိုင်ငံသား ဂိုဆင်သည် ရှောင်ပြေးနိုင်ခြေရှိသည်ဟု တိုကျိုအစိုးရရှေ့နေများက အခိုင်အမာပြောကြားခဲ့သည်။
ဂိုဆင်သည် ဖမ်းဆီးခံခဲ့ရပြီးနောက် ယခုသီတင်းပတ်အစောပိုင်းက ပထမဆုံးအကြိမ်ရုံးထုတ်ရာတွင် ၎င်း၌ အပြစ်မရှိဟု တိုကျိုတရားရုံးတစ်ခုသို့ ပြောကြားခဲ့ပြီး ၎င်းကို ထိန်းသိမ်းထားမှုကို ရပ်ဆိုင်းပေးရန် အယူခံဝင်ခဲ့သော်လည်း တရားရုံးကအယူခံကို ပယ်ချခဲ့သည်။
လျော်ကြေးပေးရန်အတွက် မည်သည့်အခါကမျှ မဆုံးဖြတ်ခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်တွင် Nissan ကုမ္ပဏီအတွက် မည်သည့်ဆုံးရှုံးမှုမျှ မဖြစ်ခဲ့ကြောင်းနှင့် ဆော်ဒီစီးပွားရေးလုပ်ငန်းရှင်ကို ငွေပေးမှုသည် ပင်လယ်ကွေ့တွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်သည့် ဝန်ဆောင်မှုများအတွက် တရားဝင်ပေးခဲ့ခြင်းဖြစ်ကြောင်း ဂိုဆင်ကပြောကြားခဲ့သည်။
ဂိုဆင်သည် Nissanနှင့် Mitsubishi Motor Co ၏ ဥက္ကဋ္ဌရာထူးမှ ထုတ်ပယ်ခံခဲ့ရသော်လည်း Nissan ၏ မဟာမိတ် Renault ကုမ္ပဏီတွင် အမှုဆောင်အရာရှိချုပ်အဖြစ် ရှိနေဦးမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
