ထောင်ဒဏ် ချမှတ်ခံရမှုမှ ရှောင်လွှဲရန် ပြည်ပတွင် တိမ်းရှောင်နေသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက်ရှင်နာဝပ်သည် ဟောင်ကောင်တွင် ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာအဖြစ် မှတ်ပုံတင်ရန် ကမ္ဘောဒီးယား နိုင်ငံကူးလက်မှတ်အား အသုံးပြုခဲ့ကြောင်း မှတ်တမ်းများက ဖော်ပြခဲ့ရာ ထိုင်းမှ ရုပ်ရှင်ဆန်ဆန် ထွက်ပြေးလာခဲ့မှုတွင် အိမ်နီးချင်းနိုင်ငံအား အသုံးပြုခဲ့ကြောင်း သတင်းများကို ပိုမိုခိုင်မာစေခဲ့သည်။
ရှင်နာဝပ် မိသားစု၏ နိုင်ငံရေးမျိုးဆက်သည် တရုတ်တောင်ပိုင်းတွင် ၎င်းတို့၏ စီးပွားရေးတည်ရှိမှုကို မြှင့်တင်နေစဉ် ယင်လက်သည် ကွမ်တုံပြည်နယ်တွင် တရုတ်ဆိပ်ကမ်း ကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌအဖြစ်လည်း မကြာသေးမီက ခန့်အပ်ခံခဲ့ရကြောင်း အေအက်ဖ်ပီ က မြင်တွေ့ခဲ့ရသည့် တရုတ်ပြည်မကြီးမှ ကော်ပိုရိတ်များ၏ မှတ်တမ်းများအရ သိရသည်။
၂၀၀၆ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းခံခဲ့ရသည့် ရွေးကောက်ခံ ဝန်ကြီးချုပ်များ ဖြစ်ကြသည့် သက်ဆင်နှင့် ၎င်း၏ ညီမဖြစ်သူ ယင်လက်တို့ နှစ်ဦးစလုံးသည် ပြည်ပတွင် ခိုလှုံနေကြသော်လည်း နိုင်ငံရေးအရ အလွန်အမင်း ကွဲပြားနေသော ထိုင်းနိုင်ငံတွင် ကျေးလက်ဒေသများနှင့် ဆင်းရဲသည့် ဒေသများ၌ ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိထားဆဲ ဖြစ်သည်။
ထိုင်းတွင် စစ်ဘက်က အာဏာသိမ်းမှု ငါးနှစ်ရှိလာချိန်၌ ရွေးကောက်ပွဲများကို ကျင်းပရန် စီစဉ်ထားသည်။ ဒေါ်လာဘီလျံများစွာ ဆုံးရှုံးစေခဲ့သော ဆန်စပါးမူဝါဒ အစီအစဉ်အတွက် အမှုစစ်ဆေးခံနေရစဉ်အတွင်း ယင်လက်က ၂၀၁၇ ခုနှစ် သြဂုတ်တွင် နိုင်ငံမှ ထွက်ပြေးခဲ့သည့် ထိုအမှုသည် နိုင်ငံရေးအရ လှုံ့ဆော်မှုဖြစ်သည်ဟု ယင်လက်နှင့် ၎င်းအား ထောက်ခံသူများက စွပ်စွဲခဲ့ကြသည်။
ယင်လက်သည် ခံဝန်ဖြင့်နေထိုင်ရစဉ် ကမ္ဘောဒီးယားမှတစ်ဆင့် ထွက်ပြေးခဲ့ကြောင်း ထိုင်းစစ်အစိုးရ ထိပ်တန်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။ ထိုစွပ်စွဲချက်များအား ကမ္ဘောဒီးယားအစိုးရက အမြဲတမ်း ငြင်းဆိုခဲ့သည်။
သို့သော် ဟောင်ကောင်တွင် အများပြည်သူ ရှာဖွေနိုင်သည့် ကော်ပိုရေးရှင်းမှတ်တမ်းများတွင် ယင်လက်သည် ၂၀၁၈ ခုနှစ် သြဂုတ် ၂၄ ရက်၌ PT Corporation Company ဟုခေါ်သော ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးအဖြစ် မှတ်ပုံတင်ရန် ကမ္ဘောဒီးယား နိုင်ငံကူး လက်မှတ်ကို အသုံးပြုခဲ့ကြောင်း သိရသည်။
တရုတ်ပြည်မကြီးမှ သီးခြား မှတ်တမ်းများအရ ယင်လက်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ကွမ်တုံပြည်နယ်၌ Shantou International Container Terminals Ltd ၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရကြောင်း ဖော်ပြခဲ့သည်။ ထိုကုမ္ပဏီတွင် ဟောင်ကောင် အချမ်းသာဆုံးပုဂ္ဂိုလ် လီကာရှင်းမိသားစု၏ ကုမ္ပဏီခွဲတစ်ခုက ရှယ်ယာရာခိုင်နှုန်း ၇၀ ပိုင်ဆိုင်သည်။
ဟောင်ကောင် အိမ်ခြံမြေ မှတ်ပုံတင်ရုံး က ယင်လက်၏ PT Corporation ၏ လိပ်စာသည် ဟောင်ကောင်၏ လူချမ်းသာရပ်ကွက် Peak ခရိုင်တွင် တရုတ်-စင်ကာပူ လုပ်ငန်းရှင်အမျိုးသမီး Chen Huaidan က ပိုင်ဆိုင်သည့် အိမ်ကြီးရခိုင်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ Chen သည်လည်း Shantou International Container Terminals ကုမ္ပဏီတွင် ဒါရိုက်တာတစ်ဦးဖြစ်သည်။ ထိုင်း၏ အလွန်အမင်း ကြယ်ဝသူ အများအပြားကဲ့သို့ပင် သက်ဆင်မိသားစုသည် ကွမ်တုံ၌ မျိုးနွယ်များ၏ ဇာတိကို လိုက်လံရှာဖွေခဲ့ပြီး ဘိုးဘွားများ၏ ရွာသို့ ပုံမှန်သွားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
