ကာလကြာနှောင့်နှေးခဲ့သော၊ အစီအစဉ်မကျခဲ့သော၊ အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်ခဲ့သော ကွန်ဂိုသမ္မတ ရွေးကောက်ပွဲတွင် အတိုက်အခံ ကိုယ်စားလှယ်လောင်း ဖီးလစ်ရှီဆေကေဒီက အံ့အားသင့်ဖွယ် အနိုင်ရခဲ့ကြောင်း ဇန်နဝါရီ ၁၀ ရက် အစောပိုင်းတွင် ကြေညာခဲ့ရာ မြို့တော်ရှိ လမ်းများပေါ်တွင် အတိုက်အခံ ထောက်ခံသူများက အောင်ပွဲခံခဲ့ကြသည်။
သို့သော် ၎င်း၏ပြိုင်ဘက် အတိုက်အခံ ခေါင်းဆောင် မာတင်ဖေယူလုက ထိုရလဒ်များသည် ရာထူးမှ ထွက်ခွာတော့မည့် လက်ရှိ သမ္မတ ဂျိုးဇက်ကာဘီလာက ရှီဆေကေဒီနှင့် နောက်ကွယ်တွင် အပေးအယူ လုပ်ခဲ့သည့် မသမာသော ရလဒ်ဖြစ်ကြောင်း စွပ်စွဲခဲ့သည်။
အကျင့်ပျက်ခြစားမှု တိုက်ဖျက်သူ ဖေယူလု အား အနိုင်မရစေရန်အတွက် ကာဘီလာသည် ရှီဆေကေဒီနှင့် အပေးအယူလုပ်ခဲ့ဖွယ် ရှိကြောင်း ဖေယူလုနှင့် သံတမန်များ၊ လေ့လာသူများက ပြောကြားခဲ့ကြသည်။
ထောက်ခံမဲ ၃၈ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည်ဟု ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည့် ရှီဆေကေဒီသည် အနိုင်ရရန် တစ်ပြေးနေသူ မဟုတ်ဘဲ လူသိနည်းခဲ့သည်။ ဖခင်ဖြစ်သူ ကွယ်လွန်သူ အတိုက်အခံခေါင်းဆောင် အီသီယန်နီ၏ အရိပ်မိုးမှု ခံထားရသော ရှီဆေကေဒီသည် ရွေးကောက်ပွဲမတိုင်မီ ဖေယူလုနှင့် အတိုက်အခံ မဟာမိတ်ဖွဲ့ထားမှုမှ နုတ်ထွက်ခဲ့ပြီး ကိုယ့် ကိုယ်ကိုယ် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
ရှီဆေကေဒီ အနိုင်ရခဲ့သည့် ရလဒ်သည် အကြံအဖန် လုပ်ထားသော၊ မမှန်မကန် ဖန်တီးထားသော ရွေးကောက်ပွဲဆိုင်ရာ ဓားပြတိုက်ခံရမှုဖြစ်ပြီး မဲဆန္ဒရှင်များ၏ စစ်မှန်သော ဆန္ဒကို မထင်ဟပ်ကြောင်း ဖေယူလု က အလျင်အမြန် ရှုတ်ချခဲ့သည်။ Exxon ကုမ္ပဏီ မန်နေဂျာဟောင်းနှင့် ကင်ရှာဆာ ဥပဒေပြု အမတ်ဖြစ်သော ဖေယူလုသည် ထောက်ခံမဲ ၃၄ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။ ထောက်ခံမဲ ၂၃ ရာခိုင်နှုန်းသာ ရရှိခဲ့သည့် ကာဘီလာ၏ အာဏာရ ပါတီကိုယ်စားလှယ်လောင်း အီမန်နျူရယ်ရာမာဇာနီရှာဒရီ၏ မျှော်လင့်ချက် မှေးမှိန်နေစဉ် ရှီဆေကေဒီအား အနိုင်ရသူအဖြစ် ကြေညာရန် ကာဘီလာ အစိုးရက အပေးအယူလုပ်ခဲ့ကြောင်း ဖေယူလုက စွပ်စွဲခဲ့သည်။ ထိုရလဒ်များအား အတည်ပြုရန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတရားရုံးက ၁၄ ရက် အချိန်ရမည် ဖြစ်သည်။
၂၀၀၆ ခုနှစ်တွင် ယန်းပီးယားဘမ်ဘာ၏ အနိုင်ရမှု ခိုးယူခံရကြောင်း၊ ၂၀၁၁ ခုနှစ်တွင် အီသီယန်နီရှီဆေကေဒီ၏ အောင်ပွဲ ခိုးယူခံရကြောင်း၊ ၂၀၁၈ ခုနှစ်တွင် မာတင်ဖေ ယူလုထံမှ အောင်ပွဲခိုးယူခံရမှု အဖြစ်မခံနိုင်ကြောင်း ဖေယူလုက ပြောကြားခဲ့သည်။ စောင့်ကြည့်သူ ၄၀,၀၀၀ ပါသည့်အဖွဲ့ကို စေလွှတ်ခဲ့သော သြဇာကြီး ကက်သလစ်ဘုရားကျောင်းက ၎င်းတို့၏ ရလဒ်များကို ထုတ်ပြန်ပေးရန် ဖေယူလုက တိုက်တွန်းခဲ့သည်။ ၎င်းတို့၏ လေ့လာမှုများအရ အနိုင်ရသူတစ်ဦးအား ရှင်းရှင်းလင်းလင်း သိခဲ့ရပြီး ဖြစ်ကြောင်း ကက်သလစ် ဘုရားကျောင်းက ပြီးခဲ့သော သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
