အင်ဒိုနီးရှား၏ လေကြောင်းလိုင်းကြီး တစ်ခုဖြစ်သော Garuda သည် ပြည်တွင်း ခရီးစဉ်များတွင် တိုက်ရိုက် ဂီတဖျော်ဖြေပွဲများ ဆောင်ရွက်ရန် စီစဉ်နေကြောင်း ကုမ္ပဏီက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ ၂၁ ရာစု လူငယ်များကို ဆွဲဆောင်ရန် ရည်ရွယ်သည့် ယင်းအစီအစဉ်၌ ခရီးသည်များသည် အမြင့် ပေ ၃၅၀၀၀ တွင် သီချင်းဖျော်ဖြေမှုများကို ကြည့်ရှု နားဆင်နိုင်မည် ဖြစ်သည်။
ဇန်နဝါရီ ၉ ရက်တွင် လေကြောင်းခရီးစဉ်အတွင်း လျှပ်စစ်တူရိယာ မပါသော ဂီတဖျော်ဖြေမှုကို Garuda လေကြောင်းလိုင်းက ဆောင်ရွက်ခဲ့ပြီး မြို့တော် ဂျကာတာနှင့် ဘာလီကျွန်းသို့ ပျံသန်းသည့် ခရီးစဉ်အတွင်း ခရီးသည်များအတွက် ဂီတပညာရှင်နှစ်ဦးက ဖျော်ဖြေမှုပေးခဲ့သည်။ အချို့ခရီးစဉ်များအတွက် ၁၀ မိနစ်မှ ၁၅ မိနစ်အထိ ကြာမြင့်နိုင်သော ဖျော်ဖြေမှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း Garuda က ပြောကြားခဲ့သည်။ ထို့ ပြင် လူသစ်တန်းများအား စျေးကွက်မြှင့်တင်သည့် ဖျော်ဖြေပွဲများကို အာရုံစိုက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းက ဆိုသည်။
အမေရိကန် လေကြောင်းလိုင်း Southwest သည် ၂၀၁၇ ခုနှစ်မှစ၍ အချို့ခရီးစဉ်များ၌ ဖျော်ဖြေပွဲများ တိုက်ရိုက် တင်ဆက်ခြင်းကို မိတ်ဆက် ဆောင်ရွက်ခဲ့သည်။ အချို့ ခရီးသည်များက လေကြောင်းခရီးစဉ်အတွင်း လူသားအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံမှုကို အနည်းဆုံးဖြစ်ရန် လိုလားပြီး ဂီတဖျော်ဖြေပွဲများသည် အိပ်ရန်နှင့် စာဖတ်ရန်တို့ကို အနှောင့်အယှက်ပေးကြောင်း တုံ့ပြန်ခဲ့ကြသည်။
အင်ဒိုနီးရှားသည် ကမ္ဘာတွင် လေကြောင်းစျေးကွက် တိုးတက်မှု အလျင်မြန်ဆုံး စျေးကွက်တစ်ခု ဖြစ်သည်။ သို့သော်လည်း ယမန်နှစ် အောက်တိုဘာက ခရီးသည် ၁၈၉ ဦးလုံး သေဆုံးခဲ့ရသော Lion Air လေကြောင်းလိုင်း ပျက်ကျမှုဖြစ်ခဲ့ပြီးနောက် အင်ဒိုနီးရှား လေကြောင်းလိုင်းများသည် စောင့်ကြည့်ခြင်းကို ခံနေရသည်။
လုံခြုံရေးနှင့် ဘေးကင်းလုံခြုံမှုတို့ကို မထိခိုက်စေရန်အတွက် ဖျော်ဖြေပွဲများအား ဆောင်ရွက်သွားရန် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဆောင်ရွက်ထားကြောင်း Garuda က ပြောကြားခဲ့သည်။ “ဆူဆူပူပူ ဖြစ်နိုင်ခြေရှိတယ်ဆိုရင် အဆိုတော်ကို သူ့ထိုင်ခုံမှာ ပြန်ထိုင်ဖို့ ညွှန်ကြားသွားမှာပါ”ဟု လေကြောင်းလိုင်း၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
