သက်ကြီးရွယ်အို အဘိုးအဘွားများနှင့် နယူးဒေလီမြို့ရှိ နွားအို ထောင်ပေါင်းများစွာတို့အား အတူတကွ ထားရှိပေးထားရန်အတွက် အထူးသီးသန့် ဂေဟာတစ်ခု ဖန်တီးပေးမည့် အစီအစဉ်အား အိန္ဒိယအစိုးရက ပြင်ဆင်နေကြောင်း သိရသည်။ အဆိုပါ အစီအစဉ်အား ပြည်တွင်း ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဂိုပယ်ရိုင်က ဇန်နဝါရီ ၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်ကာ ဒေလီမြို့အနောက်တောင်ဘက်တွင် တည်ဆောက်ရန် ပြင်ဆင်ထားသော ဂေဟာ အဆောက်အအုံသစ်၌ နွားများနှင့် သက်ကြီးရွယ်အိုများသည် အပြန်အလှန် ဖေးမစောင့်ရှောက်ကြခြင်းဖြင့် အတူတကွ တည်ရှိနေကြလိမ့်မည် ဖြစ်ကြောင်း ရိုင်က ဆိုခဲ့သည်။
“ နွားတစ်ကောင် အရွယ်လွန်သွားရင် လူတွေက စွန့်ပစ်ကြတယ်။ ဂါရှာလာ (နွားဂေဟာ) ကို ပို့ပစ်ကြတယ်။ ထိုနည်းတူပဲ လူတွေလည်း အိုမင်းလာရင် မိသားစုရဲ့ စွန့်ပစ်ခြင်းကို ခံရတယ်။ ချမ်းသာတဲ့ မိသားစုကတောင်မှ သက်ကြီးရွယ်အိုတွေကို ဘိုးဘွားရိပ်သာကို ပို့ကြတယ်” ဟု ရိုင်က သတင်းမီဒီယာများအား ပြောကြားခဲ့သည်။ ထို့ပြင် နွားမွေးမြူထားသည့် ပိုင်ရှင်များအနေဖြင့် မိမိ နွားအား ထိန်းသိမ်းစောင့်ရှောက်ခြင်း မပြုနိုင်ပါက အခကြေးငွေ အနည်းငယ်ဖြင့် အထူးဂေဟာတွင် နွားများအား လာရောက် အပ်နှံနိုင်သည်ဟု ဆိုသည်။
အဆိုပါ အစီအစဉ်ထဲတွင် မြို့တော် နယူးဒေလီရှိ လမ်းဘေးခွေးများနှင့် အန္တရာယ်ပေးတတ်လေ့ ရှိသော မျောက်များ သားပေါက်မှုနှုန်းကိ ုထိန်းချုပ်ပေးခြင်း၊ နွားများနှင့် အိမ်မွေးတိရိစ္ဆာန်များအား အီလက်ထရွန်နစ် ချပ်စ်ပြားများ တပ်ဆင်ပေးခြင်းတို့လည်း ပါဝင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
