အမေရိကန်နှင့် လိပ်ခဲတည်းလည်း ဖြစ်နေသော နျူကလီးယား ဆွေးနွေးပွဲတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်အား အခိုင်အမာ ထောက်ခံကြောင်း ပြောကြားခဲ့သည့် တရုတ်သမ္မတ ရှီကျင်ပင်းက အမေရိကန်နှင့် မြောက်ကိုရီးယားတို့သည် ညှိနှိုင်းဆွေးနွေးသင့်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်ဟု တရုတ်အစိုးရ သတင်းအေဂျင်စီက ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယခုသီတင်းပတ်အတွင်း ပေကျင်းသို့ နှစ်ရက်ကြာ သွားရောက်ခဲ့သည့် ကင်၏ ခရီးစဉ်သည် အမေရိကန်နှင့် မြောက်ကိုရီးယားအကြား နျူကလီးယား ဖျက်သိမ်းရေး ဆွေးနွေးပွဲတွင် တရုတ်၏ အခန်းကဏ္ဍကို ပို၍ခိုင်မာစေခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နှင့် ကင်တို့အကြား ဒုတိယမြောက် ထိပ်သီးမတိုင်မီ မြောက်ကိုရီးယား၏ မဟာဗျူဟာမြောက် ကြိုးပမ်းမှုဟု ရှုမြင်ခံခဲ့ရသည်။
မြောက်ကိုရီးယားအား ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့ပေးရန် တရုတ်က လိုလားနေပြီး DPRK နှင့် အမေရိကန်တို့သည် အပြန်အလှန် ညှိနှိုင်းလိမ့်မည်ဟု ၎င်းက မျှော်လင့်ကြောင်း ရှီက မြောက်ကိုရီးယား၏ တရားဝင် အမည်အတိုကောက်ကို ရည်ညွှန်း၍ ပြောကြားခဲ့သည်ဟု ဆင်ဟွာ က ဖော်ပြခဲ့သည်။ DPRK က လုပ်ဆောင်ခဲ့သော အပြုသဘောဆောင်ရွက်မှုများကို အထင်ကြီးခဲ့ကြောင်း ရှီက ပြောကြားခဲ့သည်ဟု ဆင်ဟွာက ဖော်ပြခဲ့သည်။
တရုတ်သည် မြောက်ကိုရီးယား၏ တစ်နိုင်ငံတည်းသော အဓိကမဟာမိတ်နှင့် အရေးပါသော ကုန်သွယ်ရေး မိတ်ဖက်ဖြစ်သော်လည်း ပြုံယမ်း၏ နျူကလီးယားအစီအစဉ်များကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးများ ဆိုးရွားခဲ့သည်။ သို့သော် ပြီးခဲ့သောနှစ်တွင် အချိုးအကွေ့ဖြစ်ပေါ်ခဲ့ပြီး ဆက်ဆံရေး ပြန်လည်နွေးထွေးလာခဲ့ကာ ကင်သည် ယခု ခရီးစဉ်မတိုင်မီ ရှီနှင့် သုံးကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။ အမေရိကန်နှင့် ဆွေးနွေးမှုတွင် အခက်အခဲများနှင့် စိုးရိမ်စရာများ ရှိခဲ့ကြောင်း ကင်က ရှီနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ပြီး ရှီက မြောက်ကိုရီးယား၏ အနေအထားကို ထောက်ခံပေးခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရ သတင်းအေဂျင်စီ KCNA က ဖော်ပြခဲ့သည်။
DPRK ဘက်မှ အကြံပြုခဲ့သော မူဝါဒဆိုင်ရာ အကြောင်းအရာများသည် ထိုက်တန်သော လိုအပ်ချက်များဖြစ်ပြီး ၎င်းတို့၏ ကျိုးကြောင်းသင့်လျော်သော စိုးရိမ်မှုများကိုလည်း စနစ်တကျ ဖြေရှင်းပေးသင့်ကြောင်း ရှီက ပြောကြားခဲ့သည်။ ကင်နှင့် ရှီတို့အကြား ယခင် တွေ့ဆုံမှုတိုင်းသည် ကင်က ထရန့် သို့မဟုတ် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနှင့် တွေ့ဆုံသည့် ထိပ်သီးမတိုင်မီ သို့မဟုတ် ထိပ်သီးအပြီးတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အရှေ့မြောက်အာရှတွင် မဟာဗျူဟာမြောက် အကျိုးစီးပွားအတွက် ၀ါရှင်တန်နှင့် ပေကျင်းတို့က ယှဉ်ပြိုင်နေကြပြီး မြောက်ကိုရီးယားဆိုင်ရာ သံတမန်ရေး ကြိုးပမ်းမှုတွင် ရှီသည် တရုတ်၏ အရေးပါမှုအား ပြန်လည် ခိုင်မာစေခဲ့ကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။ ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယား ဖျက်သိမ်းမှု ဖြစ်မြောက်လာရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရေး၊ ဒေသတွင်း၌ တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ ဖြစ်ပေါ်လာရေးအတွက် အပြုသဘောဆောင်သော ကဏ္ဍမှ ပါဝင်ရန် တရုတ်က အသင့်ရှိနေကြောင်း ရှီက ပြောကြားခဲ့သည်ဟု ဆင်ဟွာက ဖော်ပြခဲ့သည်။
ဒုတိယမြောက် ထိပ်သီးကျင်းပမည့် နေရာကို အမေရိကန်နှင့် မြောက်ကိုရီးယားတို့ ညှိနှိုင်းနေကြောင်း ထရန့်က ဇန်နဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
