Facebook သည် ၎င်း၏ ဝက်ဘ်ဆိုက်ပေါ်မှ အစိုးရဆန့်ကျင်ရေး အကြောင်းအရာများအား ဖယ်ရှားပေးရန် ငြင်းဆန်ခြင်းဖြင့် ဆိုက်ဘာလုံခြုံရေး ဥပဒေသစ်ကို ချိုးဖောက်ခဲ့သည်ဟု ဗီယက်နမ်အစိုးရက စွပ်စွဲခဲ့သည်။ ယင်းသည် အဆိုပါဥပဒေသစ် စတင်အသက်ဝင်ပြီး ရက်ပိုင်းအတွင်း ပထမဆုံးအရေးယူမှု ဖြစ်ခဲ့သည်။
အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ဝက်ဘ်ဆိုက်လွတ်လပ်ခွင့်အဖွဲ့များထံမှ ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်စေခဲ့သည့် အဆိုပါဥပဒေသည် ဇန်နဝါရီ ၁ ရက်ကမှ ဗီယက်နမ်တွင် စတင်အသက်ဝင်ခဲ့ခြင်းဖြစ်သည်။ ယင်းဥပဒေသစ်အရ အင်တာနက်ကုမ္ပဏီများသည် အဆိပ်အတောက်ဖြစ်စေသော အကြောင်းအရာများအားဖယ်ရှားခြင်း၊ အာဏာပိုင်တို့က တောင်းဆိုပါက အသုံးပြုသူတို့၏ အချက်အလက်များကို လွှဲပြောင်းပေးခြင်းတို့ လုပ်ဆောင်ရမည်ဖြစ်သည်။
ထို့ပြင် ဘဏ်များနှင့် အီလက်ထရွန်နစ် ကုန်သွယ်ရေးအပါအဝင် ကုမ္ပဏီများသည် တစ်ပါတီစနစ် ဗီယက်နမ်တွင် ဆာဗာများ ထားရှိပေးရမည်ဟုလည်း တောင်းဆိုထားသဖြင့် အချက်အလက်နှင့် အတွင်းရေးများ ချိုးဖောက်ခံရခြင်း၊ ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်ခြင်းတို့ ရှိမည့်အပေါ် စိုးရိမ်မှုများ မြင့်တက်လာသည်။
အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများရှိသည်ဟု စွပ်စွဲခံထားရသော ပေ့ချ်များကို ဖြုတ်ချပေးရန် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ တောင်းဆိုမှုအတိုင်း လုပ်ဆောင်ပေးရန် Facebook က ပျက်ကွက်ခဲ့သည်ဟု ဇန်နဝါရီ ၉ ရက်က အစိုးရရုပ်သံ Vietnam Television တွင် ထုတ်လွှင့်ခဲ့သည်။
ထို့ပြင် Facebook သည် ငွေစက္ကူအတု၊ ကုန်ပစ္စည်းအတု၊ လက်နက်များ၊ ဗျောက်အိုးများ အစရှိသည့် တရားမဝင်ထုတ်ကုန်များအား ကြော်ငြာမှုများကိုလည်း လက်ခံထားသည်ဟု ဗီယက်နမ်အာဏာပိုင်တို့က စွပ်စွဲခဲ့သေးသည်။ ဥပဒေကို ချိုးဖောက်သည့်အတွက် ပြစ်ဒဏ်ကို မထုတ်ပြန်သေးပေ။
အဆိုပါဥပဒေသည် နိုင်ငံထဲမှ ဆိုက်ဘာလုံခြုံရေးတိုးတက်စေရန် ရည်ရွယ်ထားသည်ဟု အစိုးရက ဆိုသော်လည်း အလွန်တင်းကျပ်လှသော တရုတ်အင်တာနက်စည်း မျဉ်းများက ရောင်ပြန်ဟပ်နေသည့် ယခု ဥပဒေသည် အွန်လိုင်းပေါ်မှ အစိုးရဆန့်ကျင်သူများကို ငြိမ်သက်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဝေဖန်သူများက ဆိုကြသည်။
Facebook ကမူ ဒေသဆိုင်ရာဥပဒေ နှင့် အညီဆောင်ရွက်သော အကြောင်းအရာ တားမြစ်ပိတ်ပင်မှုတို့သည် ပွင့်လင်းမြင်သာမှုရှိသည်ဟု အေအက်ဖ်ပီသတင်းဌာနသို့ ဇန်နဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။
အမှီအခိုကင်းသော ပုံနှိပ်မီဒီယာများ၊ လူထုဆန္ဒပြပွဲများကို ပိတ်ပင်ထားသော ကွန်မြူနစ်နိုင်ငံ ဗီယက်နမ်တွင် လူမှုမီဒီယာသည် တက်ကြွ လှုပ်ရှားသူများအတွက် အရေးပါသော ပလက်ဖောင်းတစ်ခုဖြစ်သည်။ လက်ရှိ အချိန်အထိ ဗီယက်နမ်နိုင်ငံတွင် Facebook သည် တက်ကြွ လှုပ်ရှားသူများအတွက် ရေပန်းအစားဆုံး အရာဖြစ်နေဆဲဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
