တရုတ်သည် ၎င်းအား အခိုင်အမာယုံကြည်သော အရှေ့တောင်အာရှ မဟာမိတ် နိုင်ငံနှင့်အတူ ၎င်း၏ ရေတပ်စွမ်းရည်ကို ထုတ်ပြနေစဉ် ဧရာမ တရုတ်စစ်သင်္ဘောသုံးစင်းသည် ဇန်နဝါရီ ၉ ရက်တွင် ကမ္ဘောဒီးယား သို့ ဆိုက်ကပ်ခဲ့သည်။
တရုတ်သည် ကမ္ဘောဒီးယားတွင် အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ပြီး စီးပွားရေးအတွက် ဒေါ်လာဘီလျံများစွာ ရင်းနှီးမြှုပ်နှံခဲ့သည်။ တရုတ်သည် ကမ္ဘောဒီးယား ကမ်းလွန်တွင် ရေတပ် အခြေစိုက်စခန်းတစ်ခု ဆောက်လုပ် နေသည်ဆိုသော ကောလာဟလများ ထွက်ရှိမှုကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့သည်။
တရုတ်နှင့် ကမ္ဘောဒီးယားသည် ပူးတွဲ စစ်ရေးလေ့ကျင့်မှုများစွာ ပြုလုပ်ခဲ့ပြီး ကမ္ဘောဒီးယားစစ်တပ်ကို အဆင့်မြှင့်တင်ရန် ဒေါ်လာ သန်း ၁၀၀ ကူညီမည်ဟု ပေကျင်းက ပြီးခဲ့သည့်ဇွန်တွင် ကတိပေးခဲ့သည်။
မီတာ ၁၈၀( ပေ ၅၉၀) ရှည်သော ယင်း စစ်သင်္ဘောသုံးစင်းသည် ကမ္ဘောဒီးယား၏ Sihanoukville ဆိပ်ကမ်းတွင် ဇန်နဝါရီ ၁၂ ရက်အထိ ဆိုက်ကပ်မည်ဟု ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် Chhum Socheat က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
စစ်သင်္ဘောများသွားရောက်မှု၏ အဓိကရည်မှန်းချက်သည် နှစ်နိုင်ငံရေတပ်အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်ဆံရေးကို မြှင့်တင်ရန်ဖြစ်သည်ဟု Chhum Socheat က ပြောကြားခဲ့ပြီး တရုတ်လွှမ်းမိုးလာမှုကို ပြသခြင်းဖြစ်သည်ဆိုသော အရိပ်အမြွက် ပြောကြားမှုများအား ပယ်ချခဲ့သည်။
တရုတ်ရေတပ်ကိုယ်စားလှယ်သည် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း ကမ္ဘောဒီးယားစစ်တပ် တပ်မှူးများနှင့် ကာကွယ်ရေးဝန်ကြီး Tea Banh တို့နှင့် တွေ့ဆုံသွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။
တရုတ်သည် ကမ္ဘောဒီးယား၏ အနောက်မြောက် ကမ်းခြေတွင် ရေတပ်အခြေစိုက်စခန်းတစ်ခု ဆောက်လုပ်နေသည်ဆိုသော ကောလာဟလများ ထွက်ရှိနေသည်မှာ နှစ်နှင့်ချီ ကြာပြီဖြစ်သည်။ အမေရိကန် ဒုတိယသမ္မတ မိုက်ပင့်စ်က ပြီးခဲ့သည့်နှစ်နိုဝင်ဘာတွင် ယင်းအကြောင်းအရာနှင့်ပတ်သက်ပြီး မိမိထံ စာပေးပို့ခဲ့သည်ဟု ဝန်ကြီးချုပ်ဟွန်ဆန်က ပြောကြားခဲ့ပြီးနောက် ကောလာဟလများ ထပ်မံ ထွက်ရှိလာခြင်းဖြစ်သည်။
ဆယ်စုနှစ်သုံးနှစ်ကျော် အုပ်ချုပ်ခဲ့သည့် အာဏာရှင်ဆန်သောခေါင်းဆောင် ဟွန်ဆန်က ကမ္ဘောဒီးယားမြေပေါ်တွင် နိုင်ငံခြားစစ် အခြေစိုက်စခန်းများ ထားရှိခွင့်ပြုမည်မဟုတ်ဟု ပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး အငြင်းပွားမှုများဖြစ်ပွားခဲ့သော်လည်း အာဆီယံအဖွဲ့ တွင် ကမ္ဘောဒီးယားသည် တရုတ်၏ ယုံကြည် အားထားရသော မဟာမိတ်တစ်ဦးဖြစ်သည်။
တောင်တရုတ်ပင်လယ်၏ ရေပိုင်နက်အားလုံးကို ပိုင်ဆိုင်သည်ဆိုသော တရုတ်၏ အခိုင်အမာထုတ်ပြန်မှုကြောင့် ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် မလေးရှားတို့က ဒေါသဖြစ်ခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
