ထိုင်းနိုင်ငံတွင် ငါးဖမ်းဆီးမှုနှင့်ပတ်သက်သည့် အထိန်းအကွပ်မဲ့မှုကို ကိုင်တွယ်ဖြေရှင်းသည့် ကြိုးပမ်းအားထုတ်မှုများအား အသိအမှတ်ပြုသည့်အနေဖြင့် တရားမဝင် ငါးဖမ်းမှုအတွက် ထိုင်းနိုင်ငံကို သတိပေးစာရင်းမှ ရုပ်သိမ်းလိုက်ပြီဟု ဥရောပသမဂ္ဂက ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
“တရားမဝင်ငါးဖမ်းဆီးမှုကို နှိမ်နင်းမှုဟာ ဥရောပသမဂ္ဂအတွက် ဦးစားပေးကိစ္စတစ်ခုပါ။ ဒီနှိမ်နင်းမှုမှာ မိတ်ဖက်နိုင်ငံအသစ် တစ်နိုင်ငံပါဝင်လာပြီ” ဟု ဥရောပသမဂ္ဂ၏ ငါးလုပ်ငန်းဆိုင်ရာ မဟာမင်းကြီး ကာမီနျူ ဗယ်လာက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် ကမ္ဘာတွင် ပင်လယ်စာတင်ပို့သည့် တတိယအကြီးဆုံး နိုင်ငံတစ်ခု ဖြစ်သည်။ ငါးဖမ်းလုပ်ငန်းသည် တရားမဝင် ငါးဖမ်းဆီးခြင်းနှင့် အိမ်နီးချင်းနိုင်ငံများမှ ဝင် ငွေနည်းနည်းသာ ပေးရသည့် တရားမဝင်လုပ်သားများကို မှီခိုခြင်းတို့ကြောင့် ယင်းသို့ စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေး အဖွဲ့များက ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂသည် ၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံကို အဝါရောင်ကတ် သတိပေးချက် သတ်မှတ်ခဲ့ပြီး တရားမဝင်ငါးဖမ်းလုပ်ငန်းနှင့် ငါးဖမ်းရေယာဉ်များတွင် အလုပ်သမားများ ညှဉ်းပန်းနှိပ်စက်ခံရမှုများကို အစိုးရက ကိုင်တွင်ဖြေရှင်းခဲ့ခြင်းမရှိလျှင် ပင်လယ်စာပို့ကုန်အားလုံးကို ပိတ်ပင်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
၂၀၁၅ ခုနှစ်တွင် ဥရောပသမဂ္ဂက သတိပေးချက်ထုတ်ပြန်ခဲ့ပြီးနောက် ထိုင်းပင်လယ် စာတင်ပို့မှုမှရရှိငွေသည် ဒေါ်လာ ၁.၈ ဘီလျံ အထိ ကျဆင်းခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် ပြန်လည်မြင့်တက်လာပြီး ဒေါ်လာ ၂.၁ ဘီလျံ ရရှိခဲ့သည်ဟု ကုန်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာသည် ထိုင်းနိုင်ငံ၏ ထိုးကျလာသည့်စီးပွားရေးကို ပြန်လည်ဦးမော့လာရန် ကြိုးစားခဲ့ပြီး တရားမဝင်ငါးဖမ်းဆီးခြင်းကို နှိမ်နင်း၍ ငါးလုပ်ငန်းကို အလုံးစုံ စစ်ဆေးပြုပြင်ခဲ့သည်။
ငါးဖမ်းသင်္ဘောများကို စောင့်ကြည့်သည့်စနစ်များမှသည် ငါးဖမ်းသင်္ဘောများ၏ လှုပ်ရှားမှုကို ခြေရာခံသည့် ဂြိုဟ်တုအခြေ စိုက်စနစ်များအထိ စီမံချက်အသစ်များကို ထိုင်း တော်ဝင်ရေတပ်က လုပ်ဆောင်ခဲ့သည်။
လူမှောင်ခိုကူးမှုနှင့် ရွှေ့ပြောင်းအလုပ်သမားများကို ညှဉ်းပန်းနှိပ်စက်မှုများကို တားဆီးရန် တင်းကျပ်သည့် အလုပ်သမားစည်း မျဉ်းများကိုလည်း ချမှတ်ခဲ့သည်။
ဥရောပသမဂ္ဂသည် စားသုံးသူ သန်း ၅၀၀ ရှိသည့် စျေးကွက်ဖြစ်ပြီး ကမ္ဘာတွင် ငါး လုပ်ငန်းထုတ်ကုန်များအတွက် အကြီးဆုံး တင်သွင်းသည့် နိုင်ငံဖြစ်သည်။ ကမ္ဘာတစ်ဝန်း တရားမဝင် ငါးဖမ်းဆီးမှု၏တန်ဖိုးသည် နှစ်စဉ် ဒေါ်လာ ၁၁.၄ ဘီလျံမှ ဒေါ်လာ ၂၂.၈ ဘီလျံအထိ ရှိခဲ့သည်ဟု ဥရောပသမဂ္ဂကော်မရှင်က ခန့်မှန်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
