ဇန်နဝါရီ ၈ ရက်တွင် ဟောင်ကောင် ကမ်းလွန်၌ ရေနံတင်သင်္ဘောတစ်စင်း မီးစွဲလောင်ခဲ့ခြင်းကြောင့် တစ်ဦးထက်မနည်း သေဆုံးခဲ့သည်။ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် သင်္ဘောပေါ်မှ လူများသို့မဟုတ် ရေထဲခုန်ချသွားသူများကို ကယ်ဆယ်ခဲ့ရသည်ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ လူပေါင်း၂၁ ဦးကို ကယ်တင်ခဲ့သည်ဟုဆိုသော်လည်း နောက်ထပ်ပျောက်ဆုံးနေသူများရှိနေဆဲဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ လူအတော်များများသည် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြသည်။
သင်္ဘောအလယ်မှထွက်လာသော မီးခိုးလုံးကြီးများ၊ ကုန်းပတ်ပေါ်တွင် တောက်လောင်နေဆဲ မီးတောက်များနှင့်အတူ သိသိသာသာ တိမ်းစောင်းနေသောရေနံတင် သင်္ဘောကို ဟောင်ကောင် ရဲတပ်ဖွဲ့က ထုတ်ပြန်သော ဓာတ်ပုံတွင် မြင်တွေ့ခဲ့ရသည်။ အစွန်အဖျားကျသော လမ်မားကျွန်း၏တောင် ဘက်ရေပြင်တွင် ရေနံတင်သင်္ဘောတစ်စင်း ပေါက်ကွဲမီးလောင်နေသည်ဆိုသော သတင်းပို့ချက်ကို လက်ခံရရှိခဲ့သည်ဟု ရဲများက ပြောကြားခဲ့သည်။
Aulac Fortune ရေနံတင်သင်္ဘောသည် ကျောက်ချရပ်နားရန် ဇန်နဝါရီ ၈ ရက် ဒေသစံတော်ချိန် နံနက်၂ နာရီ ၅၈ မိနစ်တွင် South Lamma သို ့ရောက်လာခဲ့ကြောင်း ဟောင်ကောင်ရေကြောင်းဌာန၏ လမ်းကြောင်းခြေရာခံဝက်ဆိုက်က ဖော်ပြခဲ့သည်။
ထိုရေနံတင်သင်္ဘောသည် ဗီယက်နမ်တွင် မှတ်ပုံတင်ထားခြင်းဖြစ်ပြီး ဇန်နဝါရီ ၇ ရက်တွင် တရုတ်တောင်ပိုင်း စက်မှုမြို့ တုံကွမ်မှ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။
Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
