တရုတ်နိုင်ငံထဲရှိ အဓိကမြို့ကြီးတစ် မြို့ဖြစ်သော စင်ကျင်တွင် အငှားယာဉ်အားလုံး သည် လျှပ်စစ်စွမ်းအင်သုံးများ ဖြစ်သွားပြီဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရည်မှန်းချက်အား ပြည့်မီသွားခဲ့ပြီ ဖြစ်သည်။
တရုတ်နိုင်ငံတောင်ပိုင်းမှ နည်းပညာဗဟိုချက်ဖြစ်သော စင်ကျင်မြို့ထဲ၌ မောင်းနှင်နေကြသော အငှားယာဉ် ၂၁၆၈၉ စီးအနက် ၉၉ ရာခိုင်နှုန်းမှာ လျှပ်စစ်စွမ်းအင်သုံးများဖြစ်ကြသည်ဟု ယခုနှစ်အစက ကြေညာခဲ့သည်။ ပြီးခဲ့သည့်နှစ်ကအထိ စင်ကျင်မြို့လမ်းများပေါ်တွင် ဓာတ်ဆီစွမ်းအင်သုံး အငှားယာဉ် ၇၅၀၀ ရှိနေသေးသည်။ လက်ရှိတွင်မူ ဓာတ်ဆီသုံးကား အနည်းငယ်ကို တွေ့ နေရသေးသော်လည်း လျှပ်စစ်စွမ်းအင်သုံး အငှားယာဉ်စီးရေက များစွာကျော်လွန်သွားပြီ ဖြစ်သည်။
လူဦးရေ ၁၂.၅ သန်းနေထိုင်သော စင်ကျန်မြို့သည် ယခုကဲ့သို့စွမ်းဆောင်နိုင်သော တရုတ်နိုင်ငံထဲမှ ဒုတိယမြောက်မြို့နှင့် အကြီးဆုံးမြို့ ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံ မြောက်ပိုင်းမှ လူဦးရေ ၄.၃ သန်းနေထိုင်သော ထိုင်ယွမ်မြို့ထဲတွင် ၂၀၁၆ ခုနှစ်ကတည်းက လျှပ်စစ်အငှားယာဉ်များသာ ရှိနေခြင်းဖြစ်သည်။
“စင်ကျင်ဟာ တရုတ်အဓိကမြို့တော်တွေထဲကမှ ဦးဆောင်ကဏ္ဍကို ရောက်ရှိလာတဲ့ မြို့တစ်မြို့ပါ” ဟု တရုတ်ခရီးသည်တင် ယာဉ်များအဖွဲ့၏ အထွေထွေအတွင်းရေးမှှူး ချွေတုန်စူက ပြောကြားခဲ့သည်။
စင်ကျင်ထဲရှိ ဘတ်စ်ကားများမှာမူ ၂၀၁၇ ခုနှစ်ကတည်းက လျှပ်စစ်စွမ်းအင်သုံးများ ဖြစ်နေကြခြင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်အား အန္တရာယ်မဖြစ်စေသည့် စွမ်းအင်ကဏ္ဍ တိုးတက်လာစေရေး၊ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးအတွက် ပတ်ဝန်းကျင်အား အန္တရာယ်မဖြစ်စေသော စွမ်းအင်သုံး အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်အား မြှင့်တင်ရန် ရှေ့ပြေးမြို့ ၁၃ မြို့တွင် စင်ကျင်မြို့လည်းပါဝင်သည်ဟု စင်ကျင်မြို့ပြသယ်ယူပို့ဆောင်ရေးကော်မတီက ထုတ်ပြန်ခဲ့သည်။
ပေကျင်းနှင့် အခြားတရုတ်မြို့များတွင်မူ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချပေးသော လျှပ်စစ်စွမ်းအင်သုံး စကူတာများ၊ စက်ဘီးများ၊ ပစ္စည်းပို့ သုံးဘီးယာဉ်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြသည်။ အဆိုပါယာဉ်များ၏ ဆူညံသံလုံးဝနီးပါး မရှိသောလည်ပတ်မှုများကြောင့် လမ်းသွားလမ်းလာများကိုပင် ထိတ်လန့်စေသည်။
စင်ကျင်ထဲမှ လျှပ်စစ်စွမ်းအင်သုံး အငှားယာဉ် ၂၀၀၀၀ ကျော်သည် တစ်နှစ်လျှင် ကာဗွန်ထုတ်လွှတ်မှုတန်ချိန် ၈၅၀၀၀၀ ကို လျှော့ချပေးနိုင်သည်ဟု မြို့၏ သယ်ယူပို့ဆောင်ရေးကော်မတီက ထုတ်ပြန်ခဲ့သည်။ ဟောင်ကောင်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော စင်ကျင်သည် Huawei အပါအဝင် အခြားသော နည်းပညာလုပ်ငန်းများစွာ အခြေစိုက်သည့်မြို့ဖြစ်သည်။ Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
