Top News

ဆီးရီးယားမှ အီရန်များကို နှင်ထုတ်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြောကြား
24htopnews | October 19, 2024 12:12 AM CST

ဆီးရီးယားမှ အီရန်တပ်ဖွဲ့ဝင် အားလုံးကို  နှင်ထုတ်နိုင်ရန် အမေရိကန်နှင့် မဟာမိတ်များသည် သံတမန်ရေးအရ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ဇန်နဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။အရှေ့အလယ် ပိုင်းနိုင်ငံများကိုလည်း အီရန်အား ဆန့်ကျင်ရာတွင် ဘုံရပ်တည်ချက်ထားရှိရန် ပွန်ပီယိုက တိုက်တွန်းခဲ့သေးသည်။

“ဒေသတွင်းအတွက် ပိုမိုကောင်းမွန်စေဖို့ရာ ယှဉ်ပြိုင်မှုအဟောင်းတွေကို အဆုံးသတ်ရမယ့် အချိန်ရောက်ပါပြီ” ဟု ပွန်ပီယိုက ကိုင်ရိုတွင် ပြောကြားခဲ့သော အဓိကမိန့်ခွန်းတစ်ရပ်တွင် ပြောကြားခဲ့သည်။

“ဆီးရီးယားထဲက အီရန်တွေကို နှင်ထုတ်ဖို့၊ ကာလရှည်ကြာ ဒုက္ခခံစားခဲ့ရတဲ့ ဆီးရီးယားပြည်သူတွေထံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆောင်ကြဉ်းဖို့အတွက် ပိုမိုအားထုတ်နိုင်ဖို့ အမေရိကန်ဟာ သံတမန်ရေးကို အသုံးပြုပြီး မိတ်ဖက်တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ပွန်ပီယိုက ဖြည့်စွက် ပြောကြားခဲ့သည်။

ဆီးရီးယားမှ အမေရိကန်တပ်ဖွဲ့ဝင် ၂၀၀၀ ကို ရုပ်သိမ်းရန် သမ္မတထရန့်က အံ့အားသင့်ဖွယ် ကြေညာခဲ့ပြီးနောက် အမေရိကန်မဟာမိတ်များအား ပြန်လည်စိတ်ချ လက်ချရှိစေရန်အတွက် နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုသည် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိနေခြင်းဖြစ်သည်။

အီဂျစ်မြို့တော် ကိုင်ရိုရှိ အမေရိကန်တက္ကသိုလ်၌ ပြောကြားခဲ့သော မိန့်ခွန်းအတွင်း ပွန်ပီယိုက အမေရိကန်သည် အီဂျစ်၊ ဂျော်ဒန်တို့အပါအဝင် ပင်လယ်ကွေ့နိုင်ငံများကို စုပေါင်းပြီး အီရန်ဆန့်ကျင်ရေး တပ်ဦးတစ်ခု(အရှေ့အလယ်ပိုင်း မဟာဗျူဟာရေးရာမဟာမိတ်အဖွဲ့)ကို ဖန်တီးနေသည်ဟု ပြောကြားခဲ့သည်။

အီရန်အစိုးရ၏ ရန်လိုပြီးတာဝန်ယူမှုမရှိသည့် မူဝါဒများအား ကိုယ်တိုင်ဆန့်ကျင်နိုင်စေရန် အစ္စရေး၌ စစ်ရေးစွမ်းဆောင်မှုရှိစေရန်အတွက် အမေရိကန်က လုပ်ဆောင်ပေးမည်ဟုလည်း ပွန်ပီယိုက ဆိုသည်။

ဆီးရီးယားမှ အမေရိကန်တပ်များ ရုပ်သိမ်းမှုကို ရှေ့ဆက်လုပ်ဆောင်မည်ဖြစ် ကြောင်းကို ပွန်ပီယိုက အလေးပေးပြော ကြားခဲ့သည်။ သို့သော် မကြာသေးမီကထွက် ပေါ်လာသော မှတ်ချက်ပြောစကားများထဲ တွင်မူ ထရန့်၏ဆုံးဖြတ်ချက်ကို နောက်ပြန် ဆုတ်မည့်အရိပ်အယောင်များ ပါဝင်နေ သည်။

ပွန်ပီယိုသည် ဇန်နဝါရီ ၉ ရက်နှောင်းပိုင်းက ကိုင်ရိုသို့ ရောက်ရှိလာပြီးနောက် အီဂျစ်သမ္မတ အဗ္ဗဒူဖာတာအယ်စီစီနှင့်လည်း တွေ့ဆုံခဲ့သည်။ ယခုအရှေ့အလယ်ပိုင်းခရီးစဉ်သည် ယမန်နှစ်က ပွန်ပီယို နိုင်ငံခြားရေးဝန်ကြီးဖြစ်လာပြီးနောက် ၎င်းအတွက် အရှည်ကြာဆုံးခရီးစဉ် ဖြစ်လာခဲ့သည်။ အီဂျစ်မတိုင်မီ ပွန်ပီယိုသည် ဂျော်ဒန်၊ ဘဂ္ဂဒက်၊ အီရတ်နိုင်ငံထဲရှိ ဒေသတွင်း ကာ့ဒ်မြို့တော့် အာဘီတို့သို့လည်း သွားရောက်ခဲ့ပြီးဖြစ်သည်။                                      


READ NEXT
Cancel OK