ယနေ့ အောက်တိုဘာ (၁၈) ရက် ည (၆)နာရီ (၄၄)မိနစ်အချိန်ခန့်က ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ အနီး တောင်တန်းဒေသအောက်တွင် မဂ္ဂနီကျု (၃.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်ငယ်တစ်ခု လှုပ်ရှားသွားကြောင်း မြေငလျင်သတင်းများစင်တာ ထုတ်ပြန်ချက်အရ သိရသည်။
မြန်ုမာနိုင်ငံပြည်တွင်း ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှ အရှေ့မြောက်ဘက် (၈၇) မိုင်ခန့်၊ မုန်းမော်မြို့မှ အရှေ့မြောက်ဘက် (၁၁) မိုင်ခန့် အကွာ တောင်တန်းဒေသအောက်အနက် (၆) မိုင်မှ မဂ္ဂနီကျု (၃.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်ငယ်တစ်ခု လှုပ်ရှားသွားကြောင်း မြေငလျင်သတင်းများစင်တာမှ တိုင်းထွာရရှိချက်အရ သိရသည်။
အလားတူ အောက်တိုဘာ (၁၇)ရက်၊ နံနက် (၇)နာရီ (၄၈)မိနစ်အချိန်ကလည်း မြန်ုမာနိုင်ငံပြည်တွင်း စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်း ဟုမ္မလင်းမြို့မှ အရှေ့တောင်ဘက် (၈) မိုင်ခန့်၊ မော်လိုက် အရှေ့မြောက်ဘက် (၇၉) မိုင်ဝန်းကျင်ခန့် အကွာ တောင်တန်းဒေသအောက်အနက် (၇၅) မိုင်မှ မဂ္ဂနီကျု (၃.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားခဲ့ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ ပြည်တွင်းတွင် ပြီးခဲ့သည့် ရက်ပိုင်းများကလည်း ငလျင်ငယ်လှုပ်ရှားမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သေးကြောင်း မြေငလျင်သတင်းများစင်တာမှ ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
