တိုင်ဖွန်းမုန်တိုင်း ယာဂီအရှိန်ကြောင့် ရေကြီးရေလျှံမှုနှင့် ရင်ဆိုင်ခဲ့ရသော ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့၊ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ရေဘေးသင့် ပြည်သူများထံ ယခုလာမည့် ရက်သတ္တပတ်များအတွင်း UNDP မှ အိမ်သုံးအရေးပေါ်ပစ္စည်းများ သွားရောက်ထောက်ပံ့မည်ဖြစ်ကြောင်း UNDP မှ ထုတ်ပြန်သည်။
တိုင်ဖွန်းမုန်တိုင်း ယာဂီအရှိန်ကြောင့် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအပါအဝင် တိုင်းနှင့် ပြည်နယ်(၉)ခုတို့တွင် ရေကြီး/ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်သည်။
ထိုသို့ ရေကြီး/ရေလျှံမှု ဖြစ်စဉ်များကို တုံ့ပြန်သည့်အနေဖြင့် ၎င်းဒေသများရှိ ရေဘေးဒဏ်သင့် ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော အိမ်သုံးအရေးပေါ်ပစ္စည်းများ (HEA P)ကို UNDP အနေဖြင့် ထောက်ပံ့ဖြန်ဖြူးပေးလျှက်ရှိကြောင်း ထုတ်ပြန်သည်။
UNDP အနေဖြင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့၊ မကွေးတိုင်းဒေသကြီး ကံမနှင့် ဆင်ဘောင်ဝဲ၊ ရှမ်းပြည်နယ် ညောင်ရွှေနှင့် ကရင်ပြည်နယ် ဘားအံမြို့တို့တွင် တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများ၊ အစားအသောက်၊ ဆိုလာဓါတ်မီး၊ ပါဝါဘန့်၊ အဝတ်အထည်များနှင့် အခြေခံဆေးဝါးပစ္စည်းများ ပါဝင်သည့် HEAP အထုပ်များကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယခုလာမည့် ရက်သတ္တပတ်များတွင် ပံ့ပိုးကူညီမှုများအဖြစ် ရှမ်းပြည်နယ် ကလောမြို့နယ်၊ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရပ်ရွာများတွင် သဘာဝဘေးအန္တရာယ် ရင်ဆိုင်အပြီး ရပ်ရွာပြန်လည်ထူထောင်ရေး အရေးကြီးသော အဆိုပါ ထောက်ပံ့ရေးပစ္စည်းများကို တိုးချဲ့ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးမှုမှာ UNDP ၏ ပရောဂျက်တစ်ခုဖြစ်သော Enabling Community Recovery and Resilience (ENCORE) မှ ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အနာဂတ်တွင် ကြုံလာမည့် သဘာဝဘေးအန္တရာယ်များအတွက် ရပ်ရွာလူထုအနေဖြင့် ပြန်လည် ထူထောင်နိုင်စွမ်း အားရရှိစေရန်နှင့် ပိုမိုကြံ့ခံနိုင်ရည်ရှိလာစေရန် ဒေသခံများနှင့် ပူးပေါင်းလုပ်ဆောင်လျှက်ရှိကြောင်း UNDP မှ ထုတ်ပြန်သည်။





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
