တာဝန်ရှိသူများက စီးပွားရေးလုပ်ငန်းများကို စတင်ဖွင့်လှစ်ခဲ့ပြီး ရောဂါဖြစ်ပွားမှုသည် တည်ငြိမ်သည့် အခြေအနေရောက်ရှိနေပြီဟုပြောကြားနေစဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဧရာမလှိုင်းလုံးသည်အမေရိကန်ရှိ ကမ္ဘာ့အကျဉ်းသားဦးရေအများဆုံးအကျဉ်းထောင်များကို ရိုက်ခတ်လာပြီ ဖြစ်သည်။
အိုဟိုင်းအိုးပြည်နယ် မာရီယွန်မြို့ရှိ အကျဉ်းထောင်သည် အမေရိကန်တစ်ဝန်းရှိ အကျဉ်းထောင်များထဲတွင် ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ခံရမှု အဆိုးရွားဆုံး ထောင်တစ်ခုဖြစ်လာပြီး အကျဉ်းသား ၂,၅၀၀ တွင် ရာခိုင်နှုန်း ၈၀ ကျော်နှင့် ဝန်ထမ်း ၁၇၅ ဦး တွင် ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
လူပြည့်ကျပ်နေသည့် အကျဉ်းသားများ ထားရာ အခန်းကျဉ်းများတွင် လူခွဲထားမှု လုပ်ဆောင်နိုင်စွမ်း မရှိသည့်အပြင် အကျဉ်းထောင်များတွင် ဆေးဝါးနှင့် ကာကွယ်ရေး ဝတ်စုံ ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု တာဝန်ရှိသူများက ပြောကြားမှုနှင့်အတူ နိုင်ငံတစ်ဝန်းရှိ အကျဉ်းစခန်းနှင့် အကျဉ်း ထောင်များတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုသည် မြင့်တက်လာခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် တောင်ဒါကိုတာမှ အန်ဒရီယာဆာကယ်ဘဲ အမည်ရှိ အသက် ၃၀ အရွယ် ဒေသခံအမေရိကန် အမျိုးသမီး သေဆုံးမှုသည် အမေရိကန်ရှိ အကျဉ်းသားဦးရေ ၂.၃ သန်းအတွက် ခြိမ်း ခြောက်မှုတစ်ခုဟု ယူဆရသည်။
ကိုယ်ဝန်ဆောင်တစ်ဦးဖြစ်သည့် ယင်း အမျိုးသမီးသည် မူးယစ်ဆေးစွဲချက်များဖြင့် မတ်လတွင် တက္ကဆက်ရှိ အကျဉ်းထောင် တစ်ခုသို့ ရောက်ရှိခဲ့ပြီးမကြာမီ နာမကျန်းဖြစ်ခဲ့မှုကြောင့် အသက်ရှူစက် တပ်ထားခဲ့ရပြီး ဗိုက်ခွဲမွေးခြင်းဖြင့် ကလေးမီးဖွားခဲ့ရသည်။ ၎င်းသည် အသက်ရှူစက်ဖြင့် နေနေရပြီး သီတင်းပတ်များမကြာမီ ကွယ်လွန်ခဲ့သည်။
ကာကွယ်စောင့်ရှောက်မှု မလုံလောက်ခြင်းနှင့် အကျဉ်းထောင်အာဏာပိုင်များ၏ တုံ့ပြန်မှုကြန့်ကြာခြင်းတို့ကြောင့် ၀ါရှင်တန်ပြည်နယ်နှင့် ကင်ဆက်ပြည်နယ်ရှိ အကျဉ်းထောင်များတွင် ဆူပူအုံကြွမှုများ ဖြစ်ခဲ့ သည်။ အကျဉ်းထောင်တာဝန်ရှိသူများအကြား COVID-19 ကူးစက်ပျံ့နှံ့ခြင်းကြောင့် အကျဉ်းထောင်များကို စီမံခန့်ခွဲရန် ပိုမို ခက်ခဲမှုဖြစ်ခဲ့သည်။
ဝန်ထမ်းအင်အားနည်းပါးနေသည့် အချိန်တွင် ကင်ဆက်ရှိ လန်ဆင်းအကျဉ်း ထောင်မှ လုပ်သက် ၁၅ နှစ်ရှိသည့် ဒေးဗစ် ကာတာ အမည်ရှိ ထောင်စောင့်တစ်ဦးက ၎င်းင်း၏ ကျန်းမာရေးနှင့် မိသားစုအတွက် အ န္တရာယ်ရှိခြင်းထက် လစာမရခြင်းက ပိုမို ကောင်းမွန်သည်ဟု ပြောကြားပြီး ဧပြီ ၃၀ ရက်တွင် နုတ်ထွက်စာတင်ခဲ့သည်။
မာရီယွန်အကျဉ်းထောင်တွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုသည် ပြဿနာထုထည်ကြီး၏ တဟ်စွန်းတစ်စမျှသာ ဖြစ်သည်။ နိုင်ငံတစ်ဝန်း အကျဉ်းထောင်များမှ အကျဉ်းသား ၁၃,၄၃၆ ဦးနှင့် ဝန်ထမ်း ၅,၃၁၂ ဦး တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အစိုးရ ထုတ်ပြန်သည့် အစီရင်ခံစာများကို အခြေခံပြီး ပြစ်မှုဆိုင်ရာတရားမျှတမှုနှင့် အချက်အလက်ပညာရှင်များအဖွဲ့ဖြစ်သည့် Covid Prison Data က ထုတ်ပြန်ခဲ့သည်။
ပြည်နယ်အများစုနှင့် ဖက်ဒရယ် အကျဉ်းထောင်စနစ်အရ စစ်ဆေးမှု အနည်းငယ်သာ လုပ်ဆောင်နိုင်ခဲ့ပြီး ပြည်နယ် ၅၀ တွင် ငါးခုသည် အချက်အလက် ထုတ်ပြန်မှု၌ မပါဝင်ပေ။ အကျဉ်းထောင် ၁၂၂ ခုအနက် ထက်ဝက်ကျော်တွင် ကိုရိုနာဗိုင်းရပ်စ်ကူး စက်ပျံ့နှံ့မှုဖြစ်ပွားနေသည်ဟု အကျဉ်းသား ၁၅၂,၀၀၀ ဦးနှင့် ဝန်ထမ်း ၃၆,၀၀၀ ဦး ရှိသည့် ဖက်ဒရယ်အကျဉ်းဦးစီးဗျူရိုက ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
