ဘရာဇီး၏ အမေဇုန်မြို့ Manaus တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရက်ပိုင်းအတွင်း လူအများအပြား သေဆုံးခဲ့သောကြောင့် အခေါင်းများ မလုံလောက်မှု ဖြစ်ပွားခဲ့ပြီး မြို့သချုႋင်းတွင် တွင်းအများအပြားကို အလျင်အမြန် တူးခဲ့ရသည်။ စိတ်ပျက်လက်ပျက်ဖြစ်နေသော ကျန်ရစ်သူများကလည်း ၎င်းတို့၏ ချစ်ခင်ရသူများအား ထိုတွင်းများထဲတွင် မြှုပ်နှံရန် မလိုလားကြဘဲ မီးသဂြုႋဟ်ရန်သာ မတတ်သာသည့်အဆုံး ရွေးချယ်ခဲ့ကြသည်။
ဘရာဇီးသည် ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆၀၀၀ ကျော်ရှိလာပြီး လက်တင်အမေရိကတွင် အထိနာဆုံးနိုင်ငံ ဖြစ်လာနေသည်။ Manaus မြို့သည် ဘရာဇီး၏ ကျန်သောနေရာများနှင့် ချိတ်ဆက်ထားသောလမ်းများ မရှိသောကြောင့် ထိုမြို့မှ ကီလိုမီတာ ၂၇၀၀ (မိုင် ၁၇၀၀) ကွာဝေးသော ဆော်ပေါ်လိုမြို့မှနေ၍ အခေါင်းများအား လေယာဉ်ဖြင့် လာသယ်ယူပေးရန် နာရေးအခမ်းအနား စီစဉ်ပေးသောအဖွဲ့က မေတ္တာရပ်ခံခဲ့သည်။
လူဦးရေ နှစ်သန်းနေထိုင်သော Manaus မြို့၏ အဓိကနေရာဖြစ်သည့် ဝေးလံခေါင်သီသော အမေဇုန်ဝန်းကျင်တွင် နေထိုင်သူများသည် ဆေးဘက်ဝန်ဆောင်မှုများ မရရှိနိုင်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် သေဆုံးမှု များပြားနေခြင်းဖြစ်ကြောင်း ဘရာဇီး၏နာရေး အခမ်းအနား စီစဉ်သူများအဖွဲ့၏ဥက္ကဋ္ဌ Lourival Panhozzi က ပြောကြားခဲ့သည်။
ဧပြီ ၃၀ အထိ ဘရာဇီးကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ထိုပြည်နယ်တွင် COVID-19 ဖြစ်ပွားကြောင်း အတည်ပြုလူနာ ၅၂၀၀ ကျော်နှင့် သေဆုံးသူ ၄၂၅ ဦးရှိသည်။ သို့သော် ဗိုင်းရပ်စ်စစ်ဆေးမှုများ မလုံလောက်မှုများကြောင့် အမှန်တကယ်အရေအတွက်သည် ယင်းထက် ပိုမိုများပြားနေဖွယ်ရှိကြောင်း စိုးရိမ်နေကြသည်။
ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားမီက ပြည်နယ်မြို့တော်တစ်ခုလည်းဖြစ်သော Manaus တွင် တစ်နေ့လျှင် ပျမ်းမျှသေဆုံးသူ ၂၀ မှ ၃၅ ဦးအထိ ရှိနေကြောင်း မြို့တော်ဝန်က ပြောကြားခဲ့သည်။ ယခုအခါ နေ့စဉ် သေဆုံးသူအရေအတွက်သည် ၁၃၀ ထက်မနည်း ရှိနေကြောင်း ပြည်နယ်ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်ခဲ့သည်။
ထိုဒေသတွင် နေထိုင်သူများသည် အများအားဖြင့် သီးခြားနေထိုင်ရန် စီမံချက်များကို လျစ်လျူရှုခဲ့ကြသည်။ ပို၍ကြီးမားသော မြို့ပြများဖြစ်သည့် ရီယိုဒီဂျနေရိုးနှင့် ဆော်ပေါ်လိုတို့တွင်လည်း သေဆုံးသူအရေအတွက် အလွန်အမင်းများပြားမှုကို အာဏာပိုင်များက ကိုင်တွယ်နိုင်ဖွယ် မရှိသည့် လက္ခဏာများလည်း ပြသနေခဲ့သည်။
အီကွေဒေါနိုင်ငံ၏ Guayaquil မြို့တွင် ရေခဲတိုက်များ၊ သချုႋင်းများနှင့် နာရေးအခမ်းအနား စီစဉ်သူများကို အလွန်အမင်း ဖိစီးခဲ့ပြီးနောက် အလောင်းများကို လမ်းပေါ်တွင် ထားခဲ့ရကြောင်း ဒေသခံများက ပြောကြားခဲ့ပြီးနောက် ပြီးခဲ့သောလတွင် လက်တင်အမေရိက၏ စိတ်ပျက်စရာကောင်းသော မြင်ကွင်းများကို ကြုံတွေ့ခဲ့ရသည်။
သေဆုံးသူအရေအတွက် မြင့်တက်လာမှုသည် ရီယိုနှင့် ဆော်ပေါ်လိုတို့တွင် လူသိများသော ဧရာမဆင်းရဲသား ရပ်ကွက်များကို အထိနာဆုံးဖြစ်စေမည်ကို ဘရာဇီးပြည်သူများက စိုးရိမ်နေကြသည်။ ထိုနေရာများတွင် ဗိုင်းရပ်စ်ကူးစက်မှု အထိန်းအကွပ်မဲ့ဖြစ်သွားမည်ကို အလွန်အမင်းပူပန်နေရကြောင်း ဘရာဇီး၏ ပုဂ္ဂလိကနာရေး အခမ်းအနားစီစဉ်သော ကုမ္ပဏီ ၁၃၄၀၀ ကို ကိုယ်စားပြုသောအဖွဲ့ Panhozzi က ထုတ်ပြန်ခဲ့သည်။
ရီယိုတွင် ဆင်းရဲသားရပ်ကွက်များ တစ်စုတစ်စည်းတည်းရှိသော Complexo do Alemao ၌ အသက် ၃၆ နှစ်ရှိ လူးဝစ်ကားလို့စ် ဒါရိုချာ၏အလောင်းအား ဧပြီ ၂၈ တွင် ၁၂ နာရီကြာသည်အထိ လာယူသူမရှိခဲ့ဘဲ ၎င်း၏ဆွေမျိုးများကလည်း မည်သည့်အတွက်ကြောင့် သေဆုံးခဲ့သည်ကို မသိကြောင်း၊ သို့သော်တွင် သူ့တွင် ဝက်ရူးပြန်ရောဂါရှိကြောင်း ပြောကြားခဲ့သည်။
နေအိမ်ပြင်ပများတွင် အလောင်းများအား သိမ်းယူလေ့ရှိသော ပြည်နယ်စစ်ရဲများကလည်း ယခုအခါ အကြမ်းဖက်မှုကြောင့် မဟုတ်ဘဲ သေဆုံးခဲ့သူများ၏အလောင်းများကို သိမ်းယူမှု မလုပ်တော့ကြောင်း အမည်မဖော်သော တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် မူဝါဒ ပြောင်းခဲ့ခြင်း ဟုတ်၊ မဟုတ် ကိုမူ အသေးစိတ် မပြောကြားခဲ့ပေ။
ဆော်ပေါ်လိုတွင်လည်း နေအိမ်များ၌ သေဆုံးခဲ့သော ကိုရိုနာဗိုင်းရပ်စ်လူနာအရေအတွက် တစ်ရှိန်ထိုး မြင့်တက်လာခြင်းသည် ထိုလူနာများက ရောဂါလက္ခဏာ မပြင်းထန်သဖြင့် ဆေးရုံမှဆင်းလာပြီးနောက် အခြေအနေသည် အလျင်အမြန်ပင် ဆိုးရွားသွားခြင်းကြောင့်ဖြစ်ကြောင်း လူနာတင်ယာဉ် ဝန်ဆောင်မှုဒါရိုက်တာ ဖရန်စစ်ဖူဂျီက ပြောကြားခဲ့သည်။ သေဆုံးမှုအရေအတွက် အလွန်မြင့်တက်လာခြင်းကြောင့် ဆော်ပေါ်လို၏ အာဏာပိုင်များက ပြီးခဲ့သောလတွင် မြှုပ်နှံမည့်နေရာ ရာပေါင်းများစွာကို တူးခဲ့ရသည်။
ကိုရိုနာဗိုင်းရပ်စ်သည် ရာသီတုပ်ကွေးနှင့်တူကြောင်း ဘရာဇီးသမ္မတ ဘော်ဆွန်နာရိုက ပြောကြားလျက် မရှိမဖြစ် အရေးပါသည့် လုပ်ငန်းများမှလွဲ၍ ကျန်စီးပွားရေးများအား ပိတ်ပင်ထားမှုသည် နာမကျန်းမှုထက် ပိုမိုထိခိုက်စေကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
