ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာပါက ပိတ်ဆို့ကန့်သတ်မှုများကို ယခင်အတိုင်း အသင့်ပြန်လည် ထားရှိနိုင်ရန်နှင့် COVID-19 ကပ်ရောဂါကို သတိဖြင့် ကာကွယ်တားဆီးနေချိန်တွင် နိုင်ငံများအနေဖြင့် Lockdown ချထားမှုများကို ဖြည်းဖြည်းချင်းသာ ဖြေလျှော့ပေးရမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၁ ရက်တွင် အကြံပြုခဲ့သည်။
အကျဉ်းထောင်များ၊ ရေရှည်ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် အဆောက်အအုံများ၊ ရွှေ့ပြောင်းလုပ်သားများ နေထိုင်သည့် အဆောင်များအပါအဝင် လူအိုရုံများတွင်နေထိုင်သော ကိုယ်ခံအားနည်းသူများကို ဗိုင်းရပ်စ်အန္တရာယ်မှ ကာကွယ်ပေးထားရမည်ဖြစ်ကြောင်း၊ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်နေလျှင်ပင် လူ့အဖွဲ့အစည်းများအနေဖြင့် လူတစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေခြင်း၊ ရောဂါကာကွယ်ရန် တစ်ကိုယ်ရည်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး စီမံလုပ်ဆောင်ခြင်းတို့ကို ဆက်လက်လိုက်နာကျင့်သုံးရန် လိုအပ်သေးသည်ကို သိရှိနားလည်ရမည်ဖြစ်ကာ သံသယရှိလူနာများကို ရောဂါပိုး စမ်းသပ်စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း WHO ၏ အရေးပေါ်အခြေအနေဆိုင်ရာ ပညာရှင် ဒေါက်တာ မိုက်ရိုက်ယန်က ပြောကြားခဲ့သည်။
ဥရောပနှင့် မြောက်အမေရိကတွင် သက်ကြီးရွယ်အိုများ နေထိုင်သည့် အဆောက်အအုံများအတွင်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားခဲ့ပြီး စင်ကာပူတွင် ရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ အဆောင်များတွင် ဗိုင်းရပ်စ်ကူးစက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ အကြောင်းမှာ ထိုကဲ့သို့သောနေရာများတွင် ဖြစ်ပွားသော ကူးစက်မှုတစ်ခုသည် မီးတောက်ကဲ့သို့ အလွန်လျင်မြန်စွာ ကူးစက်ပျံ့နှံ့သည့်အဖြစ်သို့ ရောက်ရှိစေခြင်းကြောင့် ဖြစ်ကြောင်း ရိုင်ယန်က ဆိုသည်။
“ လူမှုရေးနဲ့ စီးပွားရေးအကြောင်းရင်းတွေကြောင့် ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း Lockdown ဆက်လက်ချထားဖို့က အစိုးရအဖွဲ့တွေအတွက် အခက်အခဲဖြစ်နေတယ်ဆိုတာကို WHO က နားလည်ပါတယ်။ ဒါကြောင့် ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် တင်းကျပ်တဲ့စီမံဆောင်ရွက်ချက် အနည်းအကျဉ်းနဲ့ ကူးစက်ရောဂါကို ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေရောက်ဖို့ ကျွန်တော်တို့တွေ စိတ်စောနေကြတယ်။ စီမံဆောင်ရွက်ချက်တွေကို ကျွန်တော်တို့တွေ အလွယ်တကူ ဖြေလျှော့လိုက်ပြီးတဲ့နောက်မှာ ကူးစက်မှု တစ်ကျော့ပြန်မြင့်တက်လာခဲ့ရင် ပိတ်ဆို့ကန့်သတ်မှုတွေကို အရင်အတိုင်းပြန်လုပ်ရမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
အချို့သော အနောက်နိုင်ငံများတွင် Lockdown ချထားမှုများကို စတင်ဖြေလျှော့နေကြသော်လည်း ဟေတီမှ ဆိုမာလီယာ၊ ပြီးနောက် ယီမင်သို့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဦးတည်ခဲ့သည့်လားရာများ၊ ဆူဒန်၊ တောင်ဆူဒန်၊ ဆီးရီးယား၊ ယီမင်၊ အာဖဂန်နစ္စတန်၊ ဆီယာလီယွန်၊ ဗဟိုအာဖရိက၊ နိုင်ဂျီးရီးယား မြောက်ပိုင်းရှိ ကာနိုမြို့တွင်း၌ လူအစုလိုက် အပြုံလိုက် ဗိုင်းရပ်စ်ကူးစက်မှုများအပေါ် စိုးရိမ်နေကြကြောင်း ရိုင်ယန်က ဆိုသည်။
ပြီးခဲ့သည့်နှစ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့၌ စတင်ပေါ်ထွက်လာခဲ့သော ကိုရိုနာဗိုင်းရပ်စ်နှင့်စပ်လျဉ်း၍ သိပ္ပံပညာရှင်များသည် ထိုဗိုင်းရပ်စ်၏ မျိုးဗီဇဆက်စပ်မှုအစီအစဉ်များကို စုံစမ်းစစ်ဆေးနေပြီး ယင်းလုပ်ဆောင်မှုသည် ဗိုင်းရပ်စ်ဖြစ်တည်လာရာ မူလရင်းမြစ်ကို သိရှိစေလိမ့်မည် သေချာကြောင်း ရိုင်ယန်က ထပ်လောင်းပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် WHO က ကြေညာခဲ့သော ဇန်နဝါရီ ၃၀ ရက်သည် ကူးစက်ရောဂါကို တု့ံပြန်ဆောင်ရွက်ရန် ကျန်ကမ္ဘာ့နိုင်ငံများအတွက် အချိန် လုံလုံလောက်လောက်ရကြောင်း၊ ထိုအချိန်တွင် တရုတ်နိုင်ငံပြင်ပ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၂ ဦးသာရှိပြီး လူသေဆုံးမှုမရှိသေးကြောင်း WHO ညွှန်ကြားရေးမှူးချုပ် တီဒရော့စ် အက်ဟာနွန်က ဆိုသည်။
ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ် အခြေအနေမကြေညာမီ ရက်များအတွင်း WHO အဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် အကြောင်းကို ပိုမိုလေ့လာရန်အတွက် တရုတ်သို့ သွားရောက်ခဲ့ကြောင်း၊ ထိုသို့သွားရောက်စဉ်အတွင်း သုတေသနပညာရှင်များ စေလွှတ်ရန် တရုတ်နှင့် သဘောတူညီချက်လည်း ရရှိခဲ့ကြောင်း တီဒရော့စ်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
