မန်စီးတီးအသင်းတောင်ပံကစားသမား ဘာနာဒိုဆေးလ်ဗားက ချယ်လ်ဆီးအသင်းနှင့် ကစားရမည့် လိဂ်ဖလားဗိုလ်လုပွဲစဉ်မှာ ခက်ခဲမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ဖေဖော်ဝါရီလ (၁၀) ရက်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းကို (၆-၀) ဂိုးဖြင့် အနိုင်ရပြီး လိဂ်ဖလားတွင်လည်း ဗိုလ်စွဲရန် ရေပန်းစားနေသည်။
သို့သော် ဘာနာဒိုဆေးလ်ဗားက ချယ်လ်ဆီးအသင်းမှာ တောင့်တင်းသည့်အသင်းတစ်သင်းဖြစ်ပြီး ပြီးခဲ့သည့်ပွဲစဉ်ကကဲ့သို့ ဂိုးပြတ်အနိုင်ရမည်မဟုတ်ဘဲ ခက်ခက်ခဲခဲကစားရမည်ဟု ပြောကြားခဲ့သည်။
ဘာနာဒိုဆေးလ်ဗားက "ချယ်လ်ဆီးကို (၆-၀)ဂိုးနဲ့ အနိုင်ရခဲ့တာကို မေ့ထားရမှာပါ။ ဘာလို့လဲဆိုတော့ အဲဒီလိုက ထပ်ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်း ဂိုးပြတ်ရှုံးခဲ့ပေမယ့် သူတို့က ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတွေထဲက တစ်သင်းပါ။ သူတို့အသင်းမှာ ကျွန်တော်တို့ကို ဒုက္ခပေးနိုင်တဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။ ဒီပွဲစဉ်က ကျွန်တော်တို့အတွက် လွယ်ကူမှာမဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဘာနာဒိုဆေးလ်ဗားက ယခုရာသီ ပထမဆုံးရနိုင်သည့် လိဂ်ဖလားမှာ အသင်းအတွက် အလွန်အရေးကြီးကြောင်းနှင့် လိဂ်ဖလားကိုသာ ရယူနိုင်ခဲ့မည်ဆိုပါက နောက်ထပ်ချန်ပီယံဆုဖလားများ ရယူရန် ပိုမိုလွယ်ကူသွားမည်ဖြစ်ကြောင်လည်း ပြောကြားခဲ့သည်။
ချယ်လ်ဆီးနှင့် မန်စီးတီးတို့၏ လိဂ်ဖလားဗိုလ်လုပွဲကို ဖေဖော်ဝါရီ (၂၄) ရက် (တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁၁:၀၀ နာရီ)တွင် ဝင်ဘလေကွင်း၌ ကစားမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
