မန်ယူအသင်းနောက်ခံလူဟောင်း ဗီဒစ်က ယာယီနည်းပြ ဆိုးလ်ရှားမှာ အသင်း၏လိုအပ်ချက်များနှင့် ကိုက်ညီသည့် နည်းပြဖြစ်ကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ရလဒ်များဆိုးရွားမှုကြောင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် နည်းပြ မော်ရင်ဟိုကို ရာထူးမှထုတ်ပယ်ခဲ့ပြီး အသင်းကစားသမားဟောင်း ဆိုးလ်ရှားကို ယခုရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့သည်။
ဆိုးလ်ရှားသည် မန်ယူအသင်းကို စတင်ကိုင်တွယ်ပြီးနောက် ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် (၉) ပွဲ၌ အမြင့်ဆုံးရနိုင်သည့် ရမှတ် (၂၇) မှတ်တွင် (၂၅) မှတ်အထိ ရယူပေးထားနိုင်ခဲ့သည်။
ဗီဒစ်က "မန်ယူအသင်းက အကောင်းဆုံးဆိုတဲ့နည်းပြတွေကို အသင်းနည်းပြအဖြစ် ခန့်အပ်ဖို့ ရှာဖွေလေ့ရှိတယ်လို့ ကျွန်တော် ထင်တယ်။ ဒါကြောင့် ဗန်ဟားလ်နဲ့ မော်ရင်ဟို မန်ယူအသင်းကို ရောက်လာခဲ့တာပါ။ သူတို့ အသင်းနဲ့အတူ အောင်မြင်မှုတချို့တော့ ရခဲ့ပါတယ်။ သူတို့ ကောင်းကောင်းမလုပ်နိုင်ဘူးလို့ ကျွန်တော် မပြောပါဘူး။ ဒါပေမဲ့ ဗန်ဟားလ်နဲ့ မော်ရင်ဟိုတို့ဟာ အရမ်းနာမည်ကျော်တဲ့ နည်းပြတွေဖြစ်လို့ မန်ယူအသင်းပရိသတ်တွေရဲ့ မျှော်လင့်ချက်က သူတို့လုပ်နိုင်တာထက် ပိုမြင့်ခဲ့ပါတယ်။ ကျွန်တော်ကတော့ မော်ရင်ဟိုကို နောက်ဆုံး နှစ် (၄၀) အတွင်းမှာ အကောင်းဆုံးနည်းပြလို့ ယူဆထားပါတယ်။ ဒါပေမဲ့ မန်ယူအသင်းမှာ သူအလုပ်မဖြစ်ခဲ့ပါဘူး။ အခုတော့ မန်ယူအသင်းမှာ ဆိုးလ်ရှားက အကောင်းဆုံးလုပ်နေတယ်လို့ ကျွန်တော် ထင်တယ်။ သူက မန်ယူအကြောင်းကို ကောင်းကောင်းသိတယ်။ ကစားသမားတွေနဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတာကိုလည်း သူ ကောင်းကောင်းသိတယ်။ သူဟာ မန်ယူအသင်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ နည်းပြတစ်ယောက်ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် လာမည့်တနင်္ဂနွေနေ့တွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းကို အိုးလ်ထရက်ဖို့ဒ်ကွင်း၌ လက်ခံကစားရမည်ဖြစ်ပြီး ပထမအကျော့က (၁-၃) ဂိုးဖြင့် ရှုံးနိမ့်ထားသည်။
မန်ယူအသင်းသည် လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် ရမှတ် (၅၁) မှတ်ဖြင့် အဆင့် (၄) နေရာ၌ ရပ်တည်နေပြီး အဆင့် (၂) နေရာ၌ ရပ်တည်နေသည့် လီဗာပူးလ်အသင်း(၆၅ မှတ်)နှင့် (၁၄) မှတ် ကွာဟနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
