စီးရီးအေထိပ်သီးအသင်းတစ်သင်းဖြစ်သည့် ရိုးမားအသင်းသည် လာမည့်ရာသီအတွက် နည်းပြသစ်အဖြစ် ခန့်အပ်ရန် ချယ်လ်ဆီးအသင်းနည်းပြ ဆာရီအား ဆက်သွယ်ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်း Sky Sports သတင်းဌာနက ဖော်ပြခဲ့သည်။
ချယ်လ်ဆီးအသင်းနည်းပြ ဆာရီသည် ယခုရာသီအစတွင် နာပိုလီအသင်းမှ ထွက်ခွာခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး လက်ရှိအချိန်၌ ရလဒ်ဆိုးများနှင့်ကြုံ တွေ့နေရသောကြောင့် အနာဂတ်မရေမရာဖြစ်လျက်ရှိသည်။
ထို့ပြင် ၎င်း၏နည်းစနစ်များမှာ အသင်းနှင့် အံဝင်မှုမရှိဟု ပရိသတ်များက ယူဆနေကြပြီး မန်ယူအသင်းကို (ဝ-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် FA ဖလားပဥ္စမအဆင့်ပွဲစဉ်တွင် လှောင်ပြောင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
စီးရီးအေကလပ် ရိုးမားအသင်းကလည်း ပြီးခဲ့သည့်ရာသီက (၃၅)နှစ် အတွင်း ပထမဆုံးအကြိမ် အသင်းအား ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ ပို့ဆောင်ပေးခဲ့သည့် နည်းပြ ဒီဖရန်ဆက်စကိုအား ယခုရာသီတွင် ကိုပါအီတာလီယာဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် စောင့်ကြည့်လျက်ရှိပြီး စီးရီးအေနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတို့တွင် မျှော်မှန်းထားသည့်အတိုင်း ဖြစ်မလာပါက ရာထူးမှ ထုတ်ပယ်သွားဖွယ်ရှိနေသည်။
သို့ဖြစ်ရာ ရိုးမားအသင်းအနေဖြင့် နာပိုလီအသင်းနည်းပြဟောင်း ဆာရီ၏ကိုယ်စားလှယ်များအား လာမည့်ရာသီတွင် ၎င်းတို့အသင်းအား ကိုင်တွယ်ရန် ဆက်သွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် လာမည့်တနင်္ဂနွေနေ့တွင် မန်စီးတီးအသင်းနှင့် လိဂ်ဖလား ဗိုလ်လုပွဲကစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
