ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့် ဒုတိယအပတ်(ဒုတိယနေ့)ပွဲစဉ်တွေမှာ အက်သလက်တီကိုနဲ့ မန်စီးတီးတို့ အသီးသီးအနိုင်ရပြီး ကွာတားတက်ဖို့ နီးစပ်ခဲ့ပါတယ်။
အက်သလက်တီကိုအသင်းက နောက်ခံလူတွေဖြစ်တဲ့ ဟီမင်နက်ဇ်(၇၈ မိနစ်)၊ ဂိုဒင်(၈၃ မိနစ်)တို့ရဲ့ဂိုးတွေနဲ့ ထိုက်ထိုက်တန်တန်နိုင်ပွဲခဲ့ရတာပါ။
ဒီနောက်ခံလူ(၂)ဦး တစ်ပြိုင်တည်းဂိုးသွင်းယူနိုင်တာဟာ ပြိုင်ပွဲစုံမှာ ပထမဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အက်သလက်တီကိုအသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် အိမ်ကွင်းပွဲတွေမှာ နောက်ဆုံး(၁၃)ပွဲဆက်တိုက် ရှုံးပွဲမရှိကစားနိုင်ခဲ့ပြီး (၈)ပွဲနိုင်၊ (၅)ပွဲသရေမှတ်တမ်း ရရှိခဲ့ပါတယ်။
အက်သလက်တီကိုဂိုးသမား အိုဘလက်ခ်ကတော့ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်(၄)ပွဲဆက်တိုုက် Clean Sheet ရရှိခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းမှာ စီရော်နယ်လ်ဒို ခြေစွမ်းမပြနိုင်ခဲ့ဘဲ ပထမပိုင်းမှာ ဘောလုံးပေးပို့မှု (၂၂)ကြိမ်မှာ ရာနှုန်းပြည့်တိကျခဲ့ပေမယ့် အက်သလက်တီကို ဂိုးဧရိယာအတွင်း ဘောလုံးထိချက် (၂)ကြိမ်ပဲရှိခဲ့ပါတယ်။
မန်စီးတီးကတော့ ဂျာမန်မြေမှာ အရှုံးကနေ တစ်ယောက်လျော့နဲ့ အံ့အားသင့်ဖွယ် အနိုင်ပြန်ယူခဲ့ပါတယ်။
မန်စီးတီးအသင်းအတွက် အဂွဲရိုးက (၁၉)မိနစ်မှာ ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ရှော်လ်ကေးကွင်းလယ်လူ ဘင်တာလက်ဘ် (၃၈)နဲ့ (၄၅)မိနစ်တွေမှာ ပယ်နယ်တီကနေ (၂)ဂိုးဆက်သွင်းကာ ပြန်ဦးဆောင်နိုင်ခဲ့ပါတယ်။
(၆၈)မိနစ်မှာ နောက်ခံလူ အော်တာမန်ဒီ (၂)၀ါ (၁)နီနဲ့ အထုတ်ခံခဲ့ရလို့ မန်စီးတီး မျှော်လင့်ချက်နည်းသွားပေမယ့် မထင်မှတ်တဲ့အနေအထားကနေ ပြန်လာနိုင်ခဲ့ပါတယ်။
ဆာနေးက (၈၅)မိနစ်မှာ ဖရီးကစ်ကိုတိုက်ရိုက်ကန်သွင်းကာ ချေပခဲ့ပြီး (၉၀)မိနစ်မှာ စတာလင်က အဖိုးတန် အနိုင်ဂိုးသွင်းပေးခဲ့ပါတယ်။
လူစားဝင်လာတဲ့ ဆာနေးဟာ မန်စီးတီးအသင်းရဲ့ပြိုင်ပွဲစုံနောက်ဆုံး(၇)ပွဲမှာ (၈)ဂိုးအထိ ပါဝင်ပတ်သက်ခဲ့ပြီး (၃)ဂိုးသွင်းကာ (၅)ဂိုးဖန်တီးပေးခဲ့ပါတယ်။
အော်တာမန်ဒီကတော့ မန်စီးတီးကစားသမားဘဝ (၁၆၁)ပွဲမြောက်မှာ ပထမဆုံးအနီကတ်အပြခံခဲ့ရတာဖြစ်ပါတယ်။
မန်စီးတီးအနေနဲ့ နည်းပြ ဂွါဒီယိုလာလက်အောက် ချန်ပီယံလိဂ်ရှုံးထွက်အဆင့် (၇)ပွဲအနက် (၆)ပွဲမှာ အနည်းဆုံး(၂)ဂိုးစီ ပေးခဲ့ရပါတယ်။
■ ချန်ပီယံလိဂ်
အက်သလက်တီကို ၂-၀ ဂျူဗင်တပ်စ်
ရှော်လ်ကေး ၂-၃ မန်စီးတီး
■ ယူရိုပါလိဂ်
ဆီဗီလာ ၂-၀ လာဇီယို
■ ပြင်သစ်လီဂူး
ဘော်ဒိုး ၀-၀ ဂူအင်ဂမ့်
PSG ၅-၁ မောင့်ပယ်လီယာ
■ လိဂ်ချန်ပီယံရှစ်
ဒါဘီ ၀-၁ မီဝေါလ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
