အီတလီလက်ရွေးစင်နောက်ခံလူဟောင်း မာတာရာဇီက ဂျူဗင်တပ်စ်အသင်းအနေဖြင့် ယခုရာသီတွင် ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ခြင်းမရှိပါက ကျရှုံးသည်ဟု ဆိုရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့် (၄) ရာသီတွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ (၂) ကြိမ်တက်ရောက်နိုင်ခဲ့သော်လည်း ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။
ထို့ကြောင့် ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့တွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ချန်ပီယံလိဂ်ဖလားကို (၄) ကြိမ်အထိရယူနိုင်ခဲ့သည့် စီရော်နယ်လ်ဒိုကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူခဲ့သည်။
မာတာရာဇီက ဂျူဗင်တပ်စ်အသင်းမှာ အလွန်တောင့်တင်းသည့်အသင်းဖြစ်ပြီး ချန်ပီယံလိဂ်ဖလားကို ၎င်းတို့အသင်းရယူနိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
'' ဂျူဗင်တပ်စ်အသင်းဟာ နှစ်တိုင်းမှာ တောင့်တင်းတဲ့ အင်အားကိုပိုင်ဆိုင်ခဲ့တာချည်းပါပဲ။ သူတို့ဟာ ချန်ပီယံလိဂ်ဖလားကို အရမ်းလိုချင်နေကြပါတယ်။ အီတလီမှာ အောင်မြင်မှုတွေ အများကြီးရတဲ့အခါ ချန်ပီယံလိဂ်က သူတို့အတွက် ပစ်မှတ်သစ်ဖြစ်လာ
ခဲ့ပါတယ်။ ဒီရာသီမှာဆိုရင် စီရော်နယ်လ်ဒိုကိုတောင် သူတို့ခေါ်ယူထားပါတယ်။ ဒီတော့ ဂျူဗင်တပ်စ်အသင်း ဒီရာသီ ဦးစားပေးဖလားက ချန်ပီယံလိဂ်ဖြစ်ပါတယ်။ စီးရီးအေပြိုင်ပွဲမှာ ဂျူဗင်တပ်စ်အသင်းဗိုလ်စွဲမယ်ဆိုတာ အားလုံးသိပြီးသားပါ။ တကယ်လို့ ဂျူဗင်တပ်စ်အနေနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ခြင်းမရှိဘူးဆိုရင်တော့ ဒီရာသီဟာ သူတို့အတွက် ကျရှုံးခြင်းလို့ ပြောရပါလိမ့်မယ်"ဟုသုံးသပ်ပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းသည် ယနေ့ညတွင် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် (ပထမအကျော့)ပွဲစဉ်အဖြစ် အက်သလက်တီကိုအသင်းအား စပိန်မြေ၌ သွားရောက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
