အင်္ဂလန်အသင်းနည်းပြဟောင်း ကာပယ်လိုက စီရော်နယ်လ်ဒိုရောက်ရှိလာခြင်းကြောင့် ဂျူဗင်တပ်စ်ကစားသမားများမှာ ယခင်ကထက်ပိုမိုစိတ်အားတက်ကြွနေသည်ဟု ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုသည် ယခုနှစ်နွေရာသီအပြောင်းအရွှေ့တွင် ဂျူဗင်တပ်စ်အသင်းသို့ရောက်ရှိလာပြီး ထင်မှတ်ထားသည်ထက် ပိုမိုခြေစွမ်းပြနိုင်ခဲ့ကာ အသင်းအတွက် ပြိုင်ပွဲစုံ (၃၂) ပွဲတွင် (၂၁) ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့သည်။
ကာပယ်လိုက ''စီရော်နယ်လ်ဒို ရောက်ရှိလာတာဟာ ဂျူဗင်တပ်စ်ကစားသမားအများစုကို လှုပ်နှိုးလိုက်သလိုပါပဲ။ စီရော်နယ်လ်ဒိုကြောင့် ဂျူဗင်တပ်စ်ကစားသမားတွေဟာ ပိုပြီးတိုးတက်လာပါတယ်။ စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းအတွက် အရမ်းအရေးကြီးတဲ့ကစားသမားဖြစ်ပြီး သူ့လိုကစားသမားတစ်ယောက်နဲ့ တွဲဖက်လေ့ကျင့်ခွင့်ရတာကိုက ကစားသမားတွေအတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်ပါတယ်။ ဒါက အသင်းရဲ့ကစားအားပိုင်းကိုပါ သက်ရောက်မှုအများကြီးရှိပါတယ်။ စီရော်နယ်လ်ဒိုအနေနဲ့ ဂျူဗင်တပ်စ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူလိုနေမှာကတော့ သေချာပါတယ်" ဟုပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းသည် ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် စတုတ္ထမြောက်ရေပန်းအစားဆုံးဖြစ်နေပြီး ရှုံးထွက် (၁၆)သင်းအဆင့်တွင် စပိန်ကလပ် အက်သလက်တီကိုအသင်းနှင့် တွေ့ဆုံလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
