Top News

ဆာရီအား အချိန်ပေးရန် ချယ်လ်ဆီးအသင်းကို ဒယ်လ်ပီယာရို တိုက်တွန်း
24htopnews | October 19, 2024 3:12 AM CST

ဂျူဗင်တပ်စ်အသင်း ဂန္ထဝင်ဒယ်လ်ပီယာရိုက ချယ်လ်ဆီးအသင်းအနေဖြင့် နည်းပြဆာရီကို အချိန်ပေးသင့်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်တွင် အဆင့် (၄) အတွင်းဝင်ခွင့်ရရန် ရုန်းကန်နေရသလို FA ဖလားပြိုင်ပွဲတွင်လည်း မန်ယူအသင်းကို ရှုံးနိမ့်ပြီး ပဥ္စမအဆင့်မှ ထွက်ခွာခဲ့ရသည့်အတွက် နည်းပြ ဆာရီမှာ ဖိအားများနှင့် ရင်ဆိုင်နေရသည်။

ဒယ်လ်ပီယာရိုက ဆာရီမှာ နည်းပြကောင်းတစ်ဦးဖြစ်ပြီး အသင်း၏ပုံစံကို နားလည်နိုင်ရန်အတွက် အချိန်ပေးသင့်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

'' အသင်းတစ်သင်းမှာ နည်းပြနဲ့ ကစားသမားတွေတစ်ဦးကိုတစ်ဦးနားလည်ဖို့အတွက် အချိန်အတိုင်းအတာတစ်ခုလိုအပ်ပါတယ်။ ဒါမှအသင်းလိုက်ကစားပုံဟာ ပိုပြီးကောင်းမွန်လာမှာပါ။ ကျွန်တော့်ရဲ့အမြင်မှာတော့ ချယ်လ်ဆီးအသင်းအနေနဲ့ နည်းပြဆာရီကို အချိန်ပိုပေးသင့်ပါတယ်။ ဆာရီလို စိတ်ကူးကောင်းပြီး ပွဲတွေအပေါ်နားလည်နိုင်တဲ့ နည်းပြမျိုးဟာ ကစားသမားတွေအကြောင်းကို နားလည်သွားရင် အလုပ်လုပ်ရတာ ပိုအဆင်ပြေသွားပါလိမ့်မယ်။ ဆာရီဟာ လက်ရှိအချိန်အထိ ဟီဂွါအင်နဲ့ ဂျော်ဂျင်ဟိုတို့ကိုပဲ ခေါ်ယူခွင့်ရထားပါသေးတယ်။ တချို့နည်းပြတွေဆိုရင် သူတို့ကြိုက်တဲ့ကစားသမား (၆) ဦး၊ (၇) ဦးလောက်အထိ ခေါ်ယူခဲ့ကြတာ ဖြစ်ပါတယ်" ဟု ဒယ်လ်ပီယာရိုက ပြောကြားခဲ့သည်။

ဆာရီသည် ချယ်လ်ဆီးအသင်းကို ယခုရာသီတွင် စတင်ကိုင်တွယ်ခဲ့ပြီး ပြိုင်ပွဲစုံ (၄၂) ပွဲတွင် (၂၇) ပွဲနိုင်၊ (၆) ပွဲသရေ၊ (၉) ပွဲရှုံးရလဒ်ရရှိထားကာ နိုင်ပွဲရာခိုင်နှုန်းမှာ (၆၄.၂၉) ရာခိုင်နှုန်း ရှိသည်။


READ NEXT
Cancel OK